တစ်ဖက်သတ်အချစ် (24)

3.6K 90 0
                                    

Part24

"ဟိုမှာ မင်းညီမ ပြန်လာပါပြီ"

"အကိုရောက်နေတာကြာပြီလား"

" အကိုက အခုမှရောက်တာ"

"အမေဘာမှာအုံးမလဲ အကိုဘုန်းမြတ်နဲ့အပြင်သွားမလို့"

"မမှာတော့ဘူး သားဘုန်းမြတ် ငယ်မလေးတောင်းတာတွေလျောက်ဝယ်မပေးနဲ့နော် ဆိုင်ကယ်ဖြေးဖြေးမောင်းအုံး"

"ဟုတ်အန်တီ"

"ချာတိတ်ဘယ်သွားချင်လဲ"

"အခုမှ၃နာရီဘဲရှိသေးတာဆိုတော့ ဈေးချိုသွားမယ် လျောက်ပတ်ရအောင်လေ အရိပ်အကျီလေးတွေကြည့်ချင်လို့"

"ဟုတ်ပါပြီ ခဗျာ"

အကျီလိုချင်တာကိုယ် မဝယ်ဘယ် ကြည့်နေတယ် ဘယ်လိုကောင်မလေးမှန်းမသိဘူး

"အရိပ်လေး ဘာလိုချင်လဲ အကိုဝယ်ပေးမယ်လေ"

"ဘာမှမလိုချင်ဘူး အရိပ်က ဒီတိုင်းဈေးထဲပတ်ကြည့်ချင်တာ"

"ဟုတ်ပါပြီခဗျာ"

"အကိုဟို ဂါဝန်လေးလှတယ်နော် ဒါပေမဲ့တိုတယ်နော် အရိပ်ကအတိုလေးဝတ်ချင်တာ အိမ်ကမဝတ်ခိုင်းဘူးရယ် အရိပ်တို့ဈေးထဲမပတ်တော့ဘဲအပြင်ဘက်တန်းကမုန့်တွေလျောက်စားရအောင်လာအကို"

"ချာတိတ် နေအုံး"

တစ်လမ်းလုံး အရိပ်လက်ကိုဘဲဆွဲထားတာလွှတ်ဖို့စိတ်ကူး မရှိတော့ဘူးလား မသိဘူး ။

"လာအကို လက်ကိုကိုင်ထား ‌ပျောက်လိမ့်မ
ယ်"

"အမလေး အကိုရယ် အရိပ်က ကလေးလား မပျောက်ပါဘူး စိတ်ချ

အကိုကြာစံကြော်စားချင်လို့"

"လာ အန်တီကြာစံကြော်နှစ်ပွဲ ငရုပ်သီးမထည့်ဘူးနော် အသားတုကြော်ကိုက်ထည့်‌ေပးနော် အကိုမှာလေ"

"ဟင် အကိုတွက် မပါဘူးလား"

"မပါ ပါဘူး နှစ်ပွဲလုံးအရိပ်တွက်
တစ်ပွဲကုန်ရင်တစ်ပွဲစားရအောင်လို့လေ မဟုတ်ရင်တစ်ပွဲကုန်တာနဲ့နောက်တစ်ပွဲပြင်နေတာ စောင့်ရတာကြာလို့တစ်ခါထဲမှာထားတာလေ"

"ဟုတ်ပါပြီခဗျာ အကိုကမမှာတော့ဘူး ချာတိတ်လေးဘဲစားတော့နော်"

တစ်ဖက်သတ်အချစ်Donde viven las historias. Descúbrelo ahora