Part 38
"ကိုယ်ထတော့လေ နေဖင်ထိုးနေပြီ"
"မိန်းမ ကိုယ် ၁၀မိနစ်လောက်အိပ်အုံးမယ်လေ"
"မရဘူးထတော့ အခုတောင် ၁၀နာရီ ထိုးနေပြီ ခဏနေကြရင် အရိပ်ကိုယ် အမေနဲ့အဖေက ခေါ်ထားလို့သွားမလို့ ကိုယ်ထတော့လို့ "
"အရိပ်ကလည်း ကိုယ်ကို ၁၀မိနစ်ဘဲ အိပ်ခွင့်ပေးပါလား မနေ့ညက အရိပ်ကကိုယ့်ကို အခန်းထဲဝင်မအိပ်ခိုင်းတော့ ကိုယ်တစ်ညလုံးမအိပ်ရသေးဘူး မနက်မိုးလင်မှအိပ်ပျော်သွားတာ "
"ကိုယ့်အပြစ်နဲ့ကိုယ်လေ အရိပ်နဲ့မဆိုင်ဘူး ထတော့ "
အရိပ်ဖြူက ထွန်းပြည့်စုံကိုယ် နိုးပြီး ခုတင်ပေါ်ကထတုန်း ထွန်းပြည့်စုံက နောက်ကနေ အရိပ်ဖြူရဲ့ လက်ကိုယ်ဆွဲလိုက်တော့ အရိပ်ဖြူက ခုတင်ပေါ် ပြစ်လှဲသွားတယ်
"ကိုယ် ဘာလို့ လက်ကိုယ်ဆွဲလိုက်တာတုန်း "
"ကိုယ်က အရိပ်နဲ့ ခဏလေး အတူတူဖတ်အိပ်ချင်လို့လေ"
ကိုယ့်ကို လာနိုးပါတယ်ဆိုမှ ကိုယ်က အရိပ် ကိုယ်ဖတ်ပြီးပြန်အိပ်နေသေးတယ်
အရိပ်ဖြူရဲ့ ခါးလေးကိုယ်ဖတ်ပြီး ထွန်းပြည့်စုံက ပုခုံးပေါ်ခေါင်လေးတင်ပြီ စကားတစ်ခွန်းပြောလိုက် အရိပ်ရဲ့ပါးလေးကိုယ်နမ်းလိုက် လုပ်နေတယ်
"အရိပ် ကိုယ်အရမ်းချစ်တယ် သိလား "
"အင်း သိတယ်"
"အရိပ် က ကိုယ့် ရဲ့ ဘဝဘဲ အရိပ်မရှိရင် ကိုယ် ရူးသွားမှာအသေချာဘဲ"
"အပိုတွေပြောပြန်ပြီ မနေ့ညကတောင် အရိပ်ကိုယ် တစ်ယောက်ထဲထားပြီး နောက်ကျမှပြန်လာပြီး တော့ အခုမှ ရူးမှာတွေဘာတွေလုပ်နေတာ ကိုယ့်က အရိပ်ရဲ့နောက်မှချစ်ခဲ့တာပါ အရိပ်ကကိုယ့်ကိုယ် အရိပ်တို့ကျောင်းပြောင်လာကတည်းက တစ်ဖက်သတ်ချစ်ခဲ့တာပါနော် ကိုယ်ကသာ အရိပ်ကိုယ် အဲတုန်းက စကားပြောချင်တာလိုလို အရေးမလုပ်တာလိုလိုနဲ့ ကောင်မလေးတွေတစ်ယောက်ပြီးတစ်ယောက်ထားလိုက်သေးတာ တော်တော်လေးကိုယ် ချစ်တက်တဲ့နှလုံးသားပိုင်ရှင်ကြီးလုပ်နေသေးတာ"
VOCÊ ESTÁ LENDO
တစ်ဖက်သတ်အချစ်
Romanceအရိပ်ဖြူ "ခင်ဗျာကို မချစ်ရဲတော့ဘူး အချစ်ဆိုတဲ့ အရာက အရမ်းကြောက်စရာကောင်းတာဘဲ အရိပ်ပြန်မချစ် ပါရစေနဲ့နော်" ထွန်းပြည့်စုံ " အရင်လို ပြန်ချစ်ပေးပါ အရိပ်ရယ် ကိုယ့် အမှားတွေအတွက် အရိပ် ကျေနပ်တဲ့အထိ တောင်းပန်ပါတယ် ကိုယ့်ကိုပြန်ချစ်ပါနော်"