Part29
"အရိပ် ကိုယ်ကို ဟိုကောင်တွေခေါ်နေလို့ လက်ဖက်ရည်ဆိုင်သွားလိုက်အုံးမယ်နော်"
"နင်သွားချင်ရင်သွားပေါ့ အရိပ်နဲ့ဘာဆိုင်လို့လဲ"
"ကိုယ်လက်ဖက်ရည်ဆိုင်မှာဘဲရှိတယ်နော် အရိပ်အိမ်ပြန်မယ်ဆို ကိုယ့်ကို ဖုန်းဆက်လိုက်နော်"
"အမလေး ငါ့မောင်ရယ် သူပြန်ချင်ရင် အမတို့လိုက်ပို့ပေးလိုက်မယ် ငါ့မောင်လက်ဖက်ရည်ဆိုင်သွားမလို့မှတ်လား အေးအေး ဆေးဆေး သွား"
"ဟုတ်ကဲ့ ကျွန်တော် သွားပြီနော် မမလေးနဲ့မမကြီး"
"အေးအေး"
"မေမေချို အရိပ်ကိုယ် ကြက်ဉပူတင်းလုပ်ကျွေး အရိပ်စားချင်လို့"
"အေးအေး လုပ်ကျွေးမယ် ငါ့ကိုယ် ကြက်ဉသွားဝယ်ပေး "
"ဝယ်ပေးမယ် ကြက်ဉဆိုင်က ဘောလုံးကွင်းရဲ့ဘေးကမှတ်လား"
"အေးဟုတ်တယ်"
"အရိပ်အခုဘဲသွားဝယ်လိုက်မယ်"
"ဟဲကောင်ထွန်း မင်းကလည်းနော်မိန်းမအနားဘဲကပ်နေတာဘဲ ငါတို့တောင်သတိရသေးလား ဟမ်"
"သတိရလို့ လာတာပေါ့ကွ"
"အော်အေးပါ ပုံမှန်ဆို ငါတို့မရောက်ခင် မင်းနဲ့စိုင်းသူရက အရင်ရောက်နှင့်နေပြီ အခုတော့ မင်းရော စိုင်းသူရရော နောက်ကျမှရောက်တယ် မင်းကမိန်းမရှိလို့မပြောတော့ဘူး ဟိုမအေဘေးက မယူရသေးဘဲနဲ့ကို တစ်ဖြူထဲဖြူနေတာ ယူသာပြီးရင်တော့ ငါတို့၃ကောင်ကို ပလစ်ထားတယ်"
"မပလစ်ပါဘူး ငါ့ကောင်တွေကလည်း ငါကမင်းတို့ကိုယ်အရမ်ချစ်တာ"
"ရွံတာကွာ လီမလို့လားဟမ်"
"ထွန်းကြီးမင်းရော အရိပ်ဖြူနဲ့အဆင်ပြေလား"
"ပြေတော့ပြေပါတယ် မင်းတို့သိတဲ့တိုင်းဘဲလေ အရိပ်က ငါ့ကိုယ်စိတ်ဆိုးနေတုန်းဘဲကွာ"
"မင်းကလည်း ဖြေးဖြေးချင်တော့ စိတ်ဆိုးပြေသွားမှာပါ သည်းခံပေါ့ကွာ"
"အေးပါ ငါကချစ်တော့ အရိပ်ပြန်ချစ်မဲ့အချိန်ကိုယ်စောင့်ရမှာပေါ့ကွာ"
VOUS LISEZ
တစ်ဖက်သတ်အချစ်
Roman d'amourအရိပ်ဖြူ "ခင်ဗျာကို မချစ်ရဲတော့ဘူး အချစ်ဆိုတဲ့ အရာက အရမ်းကြောက်စရာကောင်းတာဘဲ အရိပ်ပြန်မချစ် ပါရစေနဲ့နော်" ထွန်းပြည့်စုံ " အရင်လို ပြန်ချစ်ပေးပါ အရိပ်ရယ် ကိုယ့် အမှားတွေအတွက် အရိပ် ကျေနပ်တဲ့အထိ တောင်းပန်ပါတယ် ကိုယ့်ကိုပြန်ချစ်ပါနော်"