တစ်ဖက်သက်အချစ် (37)

2.6K 68 0
                                    

Part 37

"ထွန်းကြီး မင်းကွာ ပျောက်ချက်သားကောင်းနေတာ"

"မပျောက်ပါဘူး"

"မပျောက်လို့သာ တော်သေးတယ် ငါတို့ကမင်းဆီကိုယ်လာတွေ့ယူရတယ် ဘာလဲအရိပ်ဖြူက မင်းကိုယ် အလုပ်နဲ့အိမ်ဘဲသွားလို့ပြောထားလို့လား"

"မဟုတ်ပါဘူးကွာ ငါလည်းမင်းတို့၃ကောင်ဆီလာမလို့"

"‌ဒီညငါတို့သွားသောက်မလို့လိုက်ခဲ့ မလိုက်လို့မရဘူး"

"ငါမိန်းမ နေမကောင်းဘူး"

"နေမကောင်းလည်း လိုက်ခဲ့ မရဘူး မင်းငါတို့ဘယ်သွားသွား မိန်မကနေ‌မကောင်းတာနဲ့ မအားတာနဲ့ ဒီတစ်ခေါက်တော့မလိုက်လို့မရဘူး အရိပ်ဖြူကိုယ်ငါဖုန်းဆက်လိုက်မယ်"

"ဟဲ့ကောင်တွေ "

"စိုင်းသူရ ဆက်လိုက် ဒီကောင်းကြီးက မယားကြောက်ကောင် အရိပ်ဖြူဆီကိုယ်ဆက်လိုက်"

"ဟဲ့ကောင်တွေ ငါ့မိန်းမက တကယ်နေမကောင်းတာ ငါမလိုက်ချင်လို့မဟုတ်ဘူး"

📳📳📳

"ဟယ်ဟို ဝက်မ အရိပ်ဖြူ"

"ဘာလဲ မသာကောင် စိုင်းသူရ"

"ဖြေးဖြေး ပြောစမ်းပါ လန့်တာ အရိပ်ဖြူရာ နင်လဲ ယောက်ကျားရပြီးမှ အရမ်းစွာလာတယ်နော်"

"အပိုတွေ မပြောစမ်းနဲ့ ဘာကိစ္စငါ့ကိုယ်ဖုန်းဆက်တာလဲ နင်နဲ့ဖြူစင်နဲ့ရန်ဖြစ်လို့လား ငါဒီတစ်ခါတော့ မကူညီနိင်တော့ဘူးနော် "

"အရိပ်ဖြူ ငါပြောတာလဲနားထောင်အုံး နင်ပြောချင်တာတွေဘဲ စွတ်ပြောနေတော့တာဘဲ "

"အေး အဲဆိုပြော"

"နင့်ယောက်ကျားကိုယ် ငါတို့နဲ့ ဒီညသွားသောက်မလို့ ခေါ်သွားလိုက်အုံးမယ် "

" ‌နင့်ဘေးမှာ ကိုယ်ရှိတယ်မှတ်လား ဖုန်းပေးလိုက်"

"ရော့ ထွန်းကြီး မင်းမိန်းမက မင်းနဲ့ပြောမလို့တဲ့ ဟဲ့ဟောင် speaker ဖွင့်ပြော ငါတို့ရော ကြားချင်လို့"

"ဟယ်လို အရိပ်"

"ကိုယ် သွားသောက်မလို့ဆို ကိုယ်လိုက်ချင်ရင်လိုက်သွားနော် "

တစ်ဖက်သတ်အချစ်Donde viven las historias. Descúbrelo ahora