တစ်ဖက်သတ်အချစ် (23)

3.5K 106 0
                                    

Part23

"ဘုန်းမြတ်မင်းရဲ့ချာတိတ်ကို ဖွင့်ပြောလိုက်တော့လေ အချိန်ဆွဲနေရင်သူများ လက်ထဲပါသွားမယ်နော် "

"ငါလည်းဖွင့်ပြောတော့မှာ ချာတိတ်ကအရင်လိုမဟုတ်တော့ဘူး ချစ်ဖို့ကောင်းလာတယ် စိတ်မချတော့ဘူး ငါဒီနေ့ ညနေချာတိတ် ၁၀တန်းအောင်လို့ လိုချင်တာလိုက်ဝယ်ပေးမယ်လို့ချိန်းထားတယ် ငါတစ်ခါထဲဖွင့်ပြောလိုက်တော့မယ်ကွာ"

"အေး ချကွာငါတို့ကောင်ကြီးဘုန်းမြတ် လိုချင်တဲ့အဖြေလေးရပါစေကွာ"

"ဟဲ့ကောင်ထွန်းပြည့်စုံ ဟိုမှာသော်သော်ဘယ်သွားမလို့လဲမသိဘူး မင်းအရိပ်ဖြူအောင်လားကျလားသိချင်တယ်ဆို သူ့ခေါ်မေးလိုက်လေ"

"အေး"

"သော်သော်ဘယ်လဲ"

"အေး ငါအရိပ်မဆီသွားမလို့ဝနရေ"

"နင်ဂုဏ်ထူး၂ဘာသာတောင်ပါတယ်ဆိုငါ့အမေကပြောနေတာ ငါ့တို့ဘာမှလည်းမစားရဘူး"

"နင်တို့၅ယောက်လည်းအောင်တယ်လေ ဟိုနှစ်ကောင်ထွန်းပြည့်စုံနဲ့စိုင်းသူရလဲဂုဏ်ထူးပါတယ်လေသူတို့ဝယ်ကျွေးခိုင်ပေါ့ဟဲ့"

"အရေးထဲချစ်တီးမနဲ့တွေ့နေတယ်"

"‌ဘာ ငါ့ကိုချစ်တီးတဲ့ သေတော့မယ် နင်တို့တွေတော့"

"သော်သော် "

"ဘာလဲပြောထွန်းပြည့်စုံ"

"နင်သူငယ်ချင်းအရိပ်ဖြူအောင်လား"

"အေး အောင်တယ် နင်အထင်မကြီးတဲ့ငါ့ သူငယ်ချင်းအရိပ်ကလေးက အောင်ရုံတင်မဟုတ်ဘူးဂုဏ်ထူးလဲပါတယ်သိလား"

"တကယ်ကြီးလားသော်သော်"

"ဟုတ်တယ်စိုင်းသူရရေ နင့်ရဲ့ငယ်သူငယ်ချင်းဝက်ကလေးကecoဂုဏ်ထူးပါတယ်ဟဲ့ ငါသွားတော့မယ်အရိပ်ဖြူကငါကိုစောင့်နေတော့မှာ သွားပြီ"

"မိုက်တယ်ကွာ ငါ့သူငယ်ချင်းလေးဝက်မလေးက မထင်ရဘူး
ဂုဏ်ထူးပါတယ်တဲ့ ဝက်မကဘယ်တုန်းကစာတွေ ကြိတ်လုပ်လိုက်လဲမသိဘူးသူနဲ့တွေ့လို့ကတော့ မုန့်ဝယ်ကျွေးခိုင်းမယ် ထွန်းကြီးမင်းအရိပ်ကိုဘာပြောထားလို့သော်သော်ကမင်းကိုယ်ပြောသွားတာဘာတဲ့"

တစ်ဖက်သတ်အချစ်Onde histórias criam vida. Descubra agora