Extra 3
ကလေးတွေနဲ့အတူ မုန့်စားပြီး အပြန်မှာ ထွန်းပြည့်စုံက စောထူးကိုဖုန်းဆက်ခေါ်ပြီး သူ့ကားကို လာယူခိုင်းလိုက်တယ်
"ဒယ်ဒီ ကစားကွင်းလိုက်ပို့"
"ဒယ်ဒီသမီနဲ့ သားရှိုင်းထက်လေးက သွားချင်လို့လား"
"ဟုတ်"
"ဟုတ်"
အရိပ်ဖြူက ထွန်းပြည့်စုံကို စကားမပြောဘဲ ကလေးတွေကကစားကွင်းသွားချင်တယ်ဆိုလို့ လိုက်ပို့ပေးတာ တစ်လုံးစကားလဲမပြောသလို ကစားကွင်းရောက်တဲ့အထိ ဘာစကားမှမပြောဘဲ ကလေးေတွဆော့တာ ငြိမ်ပြီးထိုင်ကြည့်နေတယ်
"အရိပ် မိန်းမ ကိုယ့်ကို စကားပြောအုံးလေ "
"မိန်းမ ကိုယ့်ကို စကားမပြောဘဲနေတော့မှာလား"
"ငြိမ်ငြိမ်နေစမ်းပါ ရှင် လူကြားထဲ ဘာဖြစ်နေတာလဲ အရှက်ကို မရှိဘူး "
"ကိုယ့်ကို စိတ်ဆိုးနေတာလား "
"စိတ်ဆိုးလား မဆိုးဘူးလားဆိုတာရှင့်ဘာသာရှင် စဉ်စား မပြောချင်ဘူး "
"ဦးဦးထွန်း အရုပ်ကောက်ချင်လို့"
"ခဏနော် ဦးဦး အကြွေးစေ့သွားဝယ်ပေးမယ်"
"ဟုတ်"
ခုဏတုန်းကကြ အော်လဲအော်တယ် ဆူလဲဆူပြီးအခုမှသူမဟုတ်သလိုနဲ့ အရိပ်ဘေးကနေ လိုက်ကပ်ပြီး မိန်းမ ဆိုပြီး နာတွေငြီးနေလို့ အမြင်ကပ်တာနဲ့ အရိပ်လဲ ကလေးတွေနဲ့ အတူ လိုက်ဆော့ပေးပြီး ကိုယ့်ကို စကားမပြောဘဲနေနေလိုက်တာ
"ဒယ်ဒီ လရိပ်ရော လိုက်မယ်"
"မာမီနဲ့နေခဲ့လေ"
"လိုက်ချင်လို့ပါ"
"ဟုတ်ပါပြီဗျာ သားရှိုင်ထက်လေ သားတီလေးနားမှာ ထိုင်နေနော် "
"ဟုတ်"
ထွန်းပြည့်စုံက လရိပ်ကဗျာလေးလက်ကို ဆွဲပြီး ကြွေးစေ့ဝယ်နေတုန်းက သူအရင်က တက်ခဲ့တဲ့ကျောင်းက နန်းသူဇာဆိုတဲ့ ကောင်မလေးက ထွန်းပြည့်စုံကို မြင်ပြီလာနှုတ်ဆက်နေတယ်
"ဟယ် နင်ထွန်းပြည့်စုံမှတ်လား"
"အင်း နန်းသူဇာ ဘယ်လိုလုပ် နင်က မန္တလေးရောက်နေတာလဲ ရန်ကုန်မှာေနတာဆို"
VOUS LISEZ
တစ်ဖက်သတ်အချစ်
Roman d'amourအရိပ်ဖြူ "ခင်ဗျာကို မချစ်ရဲတော့ဘူး အချစ်ဆိုတဲ့ အရာက အရမ်းကြောက်စရာကောင်းတာဘဲ အရိပ်ပြန်မချစ် ပါရစေနဲ့နော်" ထွန်းပြည့်စုံ " အရင်လို ပြန်ချစ်ပေးပါ အရိပ်ရယ် ကိုယ့် အမှားတွေအတွက် အရိပ် ကျေနပ်တဲ့အထိ တောင်းပန်ပါတယ် ကိုယ့်ကိုပြန်ချစ်ပါနော်"