တစ်ဖက်သတ်အချစ် (18)

3.5K 102 1
                                    

Part18

"သား မင်းညီမမနိုးနဲ့တော့အိပ်ပါစေ ရော့မင်းညီမအတွက်မုန့်ဖိုးအဖေမင်းကိုပေးခဲ့မယ်နော် သားရောယူအုံးမှာလား"

"အဖေကလည်း သားကကလေးလား မိန်းမတောင်ယူလို့ရပြီ အဖေသမီးကိုယ် စိတ်မချသေးလို့ မယူသေးတာသားက"

"အေးပါ"

"အဖေနဲ့အမေရွာပြန်တုန်း ကြာကြာနေ သားနဲ့ညီမလေးကိုစိတ်မပူနဲ့ရယ်"

"အေးပါ သားညီမလေးကိုညနေကြ ဂျင်လိုက်ပို့လိုက်အုံးနော် မင်းမမကြီးထားပေးတာသူညီမလေးပိန်အောင်လို့တဲ့"

"ဟုတ် အမေ"

"ကိုကြီး အမေနဲ့အဖေရွာသွားပြီလား"

"သွားပြီလေ နင်ထတဲ့အချိန်လည်းကြည့်အုံး ၉နာရီထိုးနေပြီ မိန်းကလေးဖြစ်ပြီးအဲလောက်အိပ်ရလား"

"ကိုကြီးကလည်း အရိပ်က‌ ကျောင်းပိတ်သွားလို့အိပ်တာကို အဖေနဲ့အမေအရိပ်တွက်မုန့်ဖိုးပေးသွားသေးလားကိုကြီး"

"ရော့ ဒီမှာအဖေပေးသွားတာ"

"ဟင် ၃သောင်းထဲရယ်"

"နင့်အရွယ်နဲ့ ပိုက်ဆံတွေဘာလို့အဲလောက်သုံးနေတာလဲ"

"အရိပ်ကမသုံးဘူး စုနေတာအရိပ်အရွယ်ကကလေးဟုတ်တော့ဘူး ၁၇တောင်ပြည့်ပြီးပြီနော်"

"လျှာမရှည်နဲ့ မနက်စာဘာစားမလဲ ညနေကြနင်ဂျင်သွားမှာဆိုငါလိုက်ပို့မယ်ဘယ်နှစ်နာရီသွားမှာလဲ"

"၅ခွဲသွားမယ်လေ နောက်နေ့ကြ မနက်ပိုင်းဘဲဆော့တော့မယ်လေ"

"အေးအေး"

"ဒီနေ့ ကိုကြီးရုံပိတ်တာလား"

"အေး အရိပ်ဖြူနင်မနက်စာကိုကော်ဖီကြည့်ဘဲမသောက်နဲ့လေတစ်ခြားမုန့်လဲစားလေ"

"တော်ပြီ အရိပ်မစားချင်ဘူး"

ဒီကောင်မလေးတော့ အခုတောင်တော်တော်ပိန်နေပြီကို ဝိတ်ချမလို့ ဂျင်သွားအုံးမှာတဲ့စဉ်စားလို့ကိုမရဘူး။

"ဟဲ့ကောင် ထွန်းစနေနေ့ မေမြို့တက်မှာနော်မင်းလိုက်မှာမှတ်လား ကျန်တဲ့လူတွေလည်းလိုက်မှာဘဲလိုက်ခဲ့ကွာ"

တစ်ဖက်သတ်အချစ်Tempat cerita menjadi hidup. Temukan sekarang