( Zaw )
"ဂျိန်း"
မိုးချိန်းသံ ကျယ်ကျယ်နဲ့အတူ ချန်းလေး လန့်နိုးသွားခဲ့ရ
သည် မိုးချိန်းတာဆို ချန်းလေးကတအားကြောက်တတ်
သည် မိုးရွာတာကို နှစ်သက်ပေမဲ့လို့ပေါ့အမေဖြစ်သူနှင့်လည်း အခန်းမတူသည်မို့ ပြေးဖက်စရာ
လည်းမရှိ အဆက်မပြတ် တဝင်းဝင်းလက်နေတဲ့ လျှပ်စီး
တွေက ချန်းလေးအခန်းထဲကို ဝင်ဖောက်လျက် ထပ်ခါထပ်
ခါ ကျယ်လာတဲ့ မိုးချိန်းသံတွေနဲ့အတူ ချန်းလေး နားပိတ်
ကာ ကျံ့ကျုံ့ လေးထိုင်နေမိသည်ဒီညကြီး အမြန်ပြီးဆုံးပါတော့လား~~
ညကတည်းက အပြီးအပြတ်ရွာချလာတဲ့ မိုးက မနက်မှာ
တော့ ရပ်စဲသွားပြီဖြစ်သည် ကားလေးတစ်စီး အိမ်ရှေ့မှာ
ရပ်လိုက်သည်ကို မြင်ပြီး ချန်းလေး အပြေးအလွှား ခြံရှေ့
ကိုပြေးသွားလိုက်သည်"တံခါးဖွင့်ပေး ဂျယ်မင်းကိုလာခေါ်တာ"
တံခါးကိုဖွင့်ပေးလိုက်တော့ ထိုသူက အပြုံးလှလှကလေး
ပြုံးပြလာသည် ညကမိုးရွာနေလို့ သေချာမတွေ့ရတဲ့
လခြမ်းကလေးလိုပင် နှုတ်ခမ်းမှာရော မျက်ဝန်းမှာပါ ပြုံးပြ
သည့် ထိုသူကို ချန်းလေး အတန်ကြာစိုက်ကြည့်နေမိသည်ရင်ခုန်လိုက်တာ~~
အချစ်ကိုမသိသေးတဲ့ ၁၅ နှစ်အရွယ်ကောင်လေးက ရင်ခုန်
ခြင်းကြောင့် ထူပူနေသည်ထင်ပါရဲ့ တုပ်တုပ်တောင်မလှုပ်"အသစ်ထင်တယ် မမြင်ဖူးဘူး"
ထပ်ပြီး ဆွဲဆောင်မှုရှိတဲ့အသံမှာ ချန်းလေးထပ်မံ ကျရှုံးရ
ပြန်သည် ထိုသူသည် ပြည့်စုံလွန်းတယ်လေ"သွားလိုက်ဦးမယ်နော်"
ဘာမှပြန်မပြောလာတဲ့သူ့ကို ထိုသူက စိတ်မဆိုးဘဲ ပြုံးပြုံး
ကလေးနဲ့ အိမ်ထဲကိုဝင်သွားသည် သူမမြင်ဖူးသေးတဲ့ ခပ်
ဆိုးဆိုး ဂျယ်မင်းဆိုတဲ့သူလည်း ထိုသူလို ကောင်းတဲ့သူဘဲ
ဆိုရင် ကောင်းလိမ့်မည်လို့ တွေးမိခဲ့သေးသည်ခြံတံခါးကို ပြန်ပိတ်ကာ အိမ်နားတစ်ဝိုက် မြက်ရှင်းဖို့ ပြန်
လုပ်ရတော့သည်
![](https://img.wattpad.com/cover/309527548-288-k486983.jpg)
YOU ARE READING
အခ်စ္ဆိုသည္မွာ... { အချစ်ဆိုသည်မှာ ...}
Fanfictionအချစ်ဆိုသည်မှာ မခေါ်ဘဲရောက်လာသလို အချစ်ဆိုသည်မှာ မနှင်ဘဲထွက်သွားတာမျိုး လူသားတိုင်းရဲ့ နှလုံးသားရှင်သန်ရာသည်က အချစ်... (NCT 00 line) [ Hyuckmin ] [ Renmin ] (U+Z) အချစ်ဆိုသည်မှာ မခေါ်ဘဲရောက်လာသလို အချစ်ဆိုသည်မှာ မနှင်ဘဲထွက်သွာ...