PT [ 7 ]

216 34 0
                                    

( Zawgyi )

"ဟယ်လို ဂျဲနိုလား ကျွန်တော်အခု ဆိုင်တစ်ဆိုင်ရောက်
နေတာ လိပ်စာပို့လိုက်မဟ် လာခဲ့မလား"

လိပ်စာလေးကို ရိုက်နှိပ်ပို့ပြီးတာနဲ့ ရွမ်ကျွင့်က ဆိုင်လေး
မှာစောင့်နေလေတော့သည်

"ရွမ်ကျွင့်"

"လာ ဂျဲနို"

"ဘာကိစ္စရှိလို့လဲ ဂျယ်မင်းရော"

"ဂျယ်မင်းကမပါဘူး ဂျဲနိုသိပြီးပြီလား"

"ဘာကိုလဲ"

"မနက်ဖြန် ဟိုကလေးလေးမွေးနေ့လေ ချန်းလေး"

"ဟုတ်လား"

ရွမ်ကျွင့်က ပြုံးရင်းခေါင်းငြိမ့်ပြသည်

"အဲ့တာ ကျွန်တော်တို့ လက်ဆောင်ဝယ်ကြမလားလို့"

"သေချာပေါက်ဝယ်ရမှာပေါ့"

"အဲ့တာကြောင့် ခေါ်လိုက်တာ လာလေ လိုက်ဝယ်ရအောင်"

ရွမ်ကျွင့်က သိပ်ပြီး မရွေးဘဲဝယ်လိုက်ပေမဲ့ ဂျဲနိုကတော့
အဲ့လိုမဟုတ် ဟိုဟာရွေးလိုက် ဒီဟာရွေးလိုက်နဲ့ အလုပ်
ရှုပ်နေပုံပင်

"ဂျဲနို အကုန်လုံးဝယ်သွားလိုက်ပါလား"

ဂျဲနိုက ရွမ်ကျွင့်နောက်လိုက်တဲ့ စကားကြောင့် သူ့ကိုယ်သူ
ပြန်သတိထားမိပြီး ရယ်နေတော့သည်

"ဟိုက လက်ခံရင်တော့ကောင်းတာပေါ့"

"ဂျဲနိုတို့လည်း တကယ့်ကလေးထိန်းဖြစ်တော့မှာဘဲ"

"ကလေးထိန်း.."

ပြန်စဉ်းစားကြည့်ရင် သူကအရင်ထဲက ကလေးထိန်းခဲ့
ပင် သူငဘောကျခဲ့တဲ့ ပထမဆုံးသောသူကို သူကလေး
ထိန်းသလို ထိန်းခဲ့ရတာပင် စဉ်းစားကြည့်တော့မှ အဲ့ဒီ
ကလေးလေးတောင် ပိုင်ရှင်နဲ့ဖြစ်သွားလေပြီ

အရင်က မေ့ပစ်ခဲ့တဲ့စိတ်က တစ်ချက်တစ်ချက်သတိပြန်ရ
လာတယ်ဆိုပေမဲ့ အခုသူကြည့်ရမှာက ချန်းလေးဆိုတဲ့
ကလေးကိုဘဲ

"ဘာလို့လဲ ဂျဲနို"

"ဘာမှမဟုတ်ပါဘူး ကျွန်တော်ရွေးပြီးပြီ သွားရအောင်"

"ကောင်းပြီလေ"

နှစ်ယောက်စလုံး ဝယ်ပြီးသွားကျတဲ့ အချိန်မှာတော့ ဂျဲနို
က ရွမ်ကျွင့်ကို ကျေးဇူးတင်တဲ့ သဘောနဲ့ အအေးလိုက်
ဝယ်တိုက်တော့သည်

အခ်စ္ဆိုသည္မွာ... { အချစ်ဆိုသည်မှာ ...}Where stories live. Discover now