( Zaw )
"ချန်းလေး တစ်စုံတစ်ယောက်ကိုချစ်ဖူးလား"
ပန်းပင်တွေကို ရေလောင်းနေတဲ့ ချန်းလေးဆီကို ဂျဲနိုက
မေးလိုက်ခြင်းပင်ဂျဲနိုရဲ့ မေးခွန်းကြောင့် ချန်းလေးက ရေလောင်းနေတဲ့
လက်တွေကိုရပ်တန့်လိုက်ပြီး မျက်ဝန်းတွေက အဖြူ
ရောင်နှင်းဆီပန်းအိုးလေးဆီကို..."ဘာတွေလာမေးနေတာလဲ အကိုဂျဲနိုကလည်း ကျွန်
တော်အဲ့တာမျိုးတွေနားမလည်သေးဘူး""ဟုတ်လား"
ချန်းလေးက ဂျယ်မင်းအရှေ့မှာဘဲ လိမ်တတ်တာလား
တော့မသိပေမဲ့ တခြားသူတွေရှေ့မှာတော့ အခုလိုလိမ်
လိုက်ခြင်းက မပိရိချေ ဒါမှမဟုတ် ဂျယ်မင်းကဘဲ ဘာမှ
မသိတာလား"နှုတ်ခမ်းကလိမ်နေရင်တောင် မျက်လုံးတွေကအမှန်တ
ရားကိုပြောတယ်တဲ့""....."
"ကိုယ်ထင်တာမမှားရင် ချန်းလေးတစ်ယောက်ယောက်
ကိုချစ်ဖူးပါတယ်""အကိုဂျဲနိုကလည်း ဟုတ်လှချည်လား"
"ကိုယ်လည်း လူတစ်ယောက်ကိုချစ်ရဲ့သားနဲ့ မချစ်ဘူး
လို့လိမ်ခဲ့ဖူးတယ် သူ့အပေါ်မရိုးသားတဲ့စိတ်ရှိခဲ့ပေမဲ့ လိမ်
ပြီးတော့မရှိချင်ယောင်ဆောင်ခဲ့တယ် သူ့ဘက်က ဖြူစင်
တဲ့ စိတ်ကိုအရောင်မဆိုးချင်လို့လေ""အဲ့လိုလား"
"အဲ့ဒီလူက တခြားသူမှမဟုတ်တာ"
ချန်းလေးက ဂျဲနိုရဲ့ မျက်ဝန်းတွေကိုကြည့်ပြီး ဘယ်သူလဲ
ဆိုတာ အဖြေရှာနေပုံပင် သူမဟုတ်တာတော့ သိလိမ့်မည်
ထင်သည်"ကိုယ်ပြောပြမယ် ဒါပေမဲ့ချန်းလေး ဘယ်သူ့ကိုမှလိုက်
မပြောရဘူးနော် ကိုယ်ကယုံလို့ပြောပြတာ""စိတ်ချပါ"
ပြီးခဲ့တဲ့ တစ်ဖက်သက်အချစ်ဆိုပေမဲ့ ဖွင့်ဟဖို့ ရင်ဖွင့်ဖို့
တစ်စုံတစ်ယောက်တောင် မရှိခဲ့တာမို့ အခုထိ သူ့နာမည်
လေးကိုဖွင့်ပြောဖို့ ရင်လေးနေတုန်းဘယ်သူမှမရိပ်မိခဲ့တဲ့ အချစ်မို့လဲ ပြောဖို့တစ်မျိုးပင်
YOU ARE READING
အခ်စ္ဆိုသည္မွာ... { အချစ်ဆိုသည်မှာ ...}
Fanfictionအချစ်ဆိုသည်မှာ မခေါ်ဘဲရောက်လာသလို အချစ်ဆိုသည်မှာ မနှင်ဘဲထွက်သွားတာမျိုး လူသားတိုင်းရဲ့ နှလုံးသားရှင်သန်ရာသည်က အချစ်... (NCT 00 line) [ Hyuckmin ] [ Renmin ] (U+Z) အချစ်ဆိုသည်မှာ မခေါ်ဘဲရောက်လာသလို အချစ်ဆိုသည်မှာ မနှင်ဘဲထွက်သွာ...