( Zaw )ငါတို့ရဲ့နှလုံးအိမ်ထဲမှာ
သိုဝှက်ထားတဲ့ အချစ်အိမ်လေးရှိတယ်
ဒီနေ့မှာဆိုရင်ဖြင့် ဂျယ်မင်းက ရွမ်ကျွင့်နဲ့ချိန်းထားတာကြောင့် သူတို့နှစ်ယောက်ထဲ ဆိုင်လေးတစ်ဆိုင်ကိုဝင်ဖြစ်ခဲ့ကြ
သေးသည် တခြားဆိုင်တော့မဟုတ် ပန်းဆိုင်လေး"ကျွင့် မင်းကပန်းကြိုက်တာလား"
"ကြိုက်တယ်လေ သူတို့ကမှတကယ့်အလှအစစ်မဟုတ်
လား"ဂျယ်မင်းခေါင်းငြိမ့်ပြလိုက်ရင်း တန်းစီထားတဲ့ ပန်းတစ်ချို့
ကိုလိုက်လံကြည့်နေမိသည် ရွမ်ကျွင့်ကလည်း သူသဘော
ကျတဲ့ ပန်းမျိုးစိတ်ကိုလိုက်ကြည့်နေသည်အရောင်သွေးစုံတဲ့ ပန်းပေါင်းစုံက သူ့အလှနဲ့သူရှိနေပြီး
သူ့ရနံ့နဲ့သူ မွှေးပျံ့နေကြသည်သို့ပေမဲ့ ပန်းပွင့်ဖတ်လေးတွေထက်ကို နူးညံ့တဲ့လက်တစ်
စုံနဲ့ အပြုံးပိုင်ရှင်လေးကတော့ ပန်းတွေထက်ပင် ပြီးပြည့်
စုံပြီးလှလွန်းသည် အသေးစိတ်ကျကျ လှပနေတဲ့ မျက်နှာ
လေးကို ဂျယ်မင်းငေးကြည့်နေမိသည်ပန်းပွင့်တွေကြား နစ်ဝင်နေတဲ့ ခေါင်းလေးက ဂျယ်မင်း
ကြည့်နေမှန်းကိုသိသွားတဲ့ အခါမှာတော့ တစ်ဖက်ကိုရှက်
သွေးဖြာရင်း ခေါင်းလွှဲသွားလေသည်~ဒီလူဟာလေ ရင်ခုန်အောင်လုပ်လိုက်ရမှ~
"ကြည့်ပြီးပြီလား"
"အင်း သစ်ခွပန်းလေးယူမလို့"
"ယူလေ ကိုယ်ဝယ်ပေးမယ်"
"ရပါတယ် ကိုယ့်ပါကိုယ်ဝယ်လိုက်မယ်"
"အမှတ်တရပေါ့ ဝယ်ပေးမယ်လေ"
ရွမ်ကျွင့်လည်း ငြင်းမနေတော့ဘဲ ဂျယ်မင်းဝယ်ပေးတဲ့သစ်
ခွပန်းလေးကိုကိုင်ကာ စောင့်နေလိုင်သည်"ဂျယ်မင်းရော ဘာမှမဝယ်ဘူးလား"
"အမ်..."
"မကြိုက်ဘူးလား"
"မဟုတ်ပါဘူး ကြိုက်..ကြိုက်ပါတယ် ဝယ်လိုက်မယ်လေ"
"အင်း"
YOU ARE READING
အခ်စ္ဆိုသည္မွာ... { အချစ်ဆိုသည်မှာ ...}
Fanfictionအချစ်ဆိုသည်မှာ မခေါ်ဘဲရောက်လာသလို အချစ်ဆိုသည်မှာ မနှင်ဘဲထွက်သွားတာမျိုး လူသားတိုင်းရဲ့ နှလုံးသားရှင်သန်ရာသည်က အချစ်... (NCT 00 line) [ Hyuckmin ] [ Renmin ] (U+Z) အချစ်ဆိုသည်မှာ မခေါ်ဘဲရောက်လာသလို အချစ်ဆိုသည်မှာ မနှင်ဘဲထွက်သွာ...