PT [ 6 ]

224 36 0
                                    

( Zaw)

ချန်းလေးက တာရိုနဲ့ဈေးဝယ်ထွက်ရမှာမို့ သူတို့နှစ်ယောက်
စလုံး ဝယ်ရမဲ့ စာရင်းစာရွက်လေးကိုင်ကာ ဈေးဆိုင်ကို
ခြေလျင်လာခဲ့ကြသည်

"တာရို ဒီဟာကဘယ်လောက်ဝယ်ရမှာလဲ"

"....."

"တာရို တာရို ရှိုတာရို"

တာရိုကတော့ မထူးလာသေး

"အိုဆာခီ ရှိုတာရို!!"

"ဟေဟေ ဘာလဲ"

အတွေးတွေလွန်နေတဲ့ တာရိုကို ချန်းလေး စိတ်ပျက်တဲ့
ပုံစံဖြင့် ခေါင်းသာခါလိုက်သည်

"မင်းကွာ အလုပ်ကိုအာရုံစိုက်လေ"

"အေးပါ ခဏလေးငေးမိတာကို မင်းကလည်း"

"ဘာကိုငေးနေတာလဲ"

တာရိုက ပြုံးစိစိဖြင့် လူငေးနေရာကို လက်ညိုး ညွှန်ပြ
လာတော့ ချန်းလေးပါ လိုက်ကြည့်မိသည်

"သြော်~~ မင်းသဘောကျတဲ့သူလား"

"အင်း ဟုတ်တယ်"

ရန်ခုန်တတ်စအရွယ် တာရိုရဲ့ ရင်ခွင်ထဲမှာတော့
အချစ်တွေကြောင့် ရင်ခုန်မြန်နေမှာ ချန်းလေးတန်း
သိမိပါသည်

"ချောသားဘဲ"

"ဟုတ်တယ်နော်"

"သူက မင်းကိုသိလား"

"သိတာပေါ့ကွ ငါတို့ခင်ကြတယ်လေ"

"အာ့ဆို သွားခေါ်လေ"

"ခေါ်ရမလား"

ဘယ်တုန်းထဲက ခေါ်ချင်နေမှန်းမသိတဲ့ တာရိုက ချန်း
လေးခေါင်းငြိမ့်ပြတာနဲ့ ပြေးသွားနှင့်လေပြီ

"အကို!"

"ဟာ တာရိုဘဲ ဈေးလာဝယ်တာလား"

"ဟုတ်ကဲ့"

အဝေးကကြည့်နေရင်တောင် မြင်ရတဲ့ တာရိုရဲ့ အချစ်
မျက်ဝန်းတွေကို ချန်းလေးဖတ်တတ်ပေမဲ့ ဟိုဘက်က
လူကြီးကတော့ ဖတ်တတ်ချင်မှတတ်လိမ့်မည်

အကြင်နာတွေကဘဲ ဈေးကြီးနေလို့လား မသိဘူး သူ
တို့လို အစေခံမျိုးလေးတွေကိုဆို လူတွေက သနားခြင်း
နဲ့ အမုန်းတွေကိုဘဲ ပေးနေကြတာလေ ဒါပေမဲ့ သူတို့
တကယ်လိုချင်နေတာက အချစ်ရယ်...

အခ်စ္ဆိုသည္မွာ... { အချစ်ဆိုသည်မှာ ...}Where stories live. Discover now