PT [ 10 ]

216 34 0
                                    

( Zaw )

ခံစားချက်တို့ သူမမြင်ခဲ့ပါ.......

အိမ်ပြန်ရမည်မို့ ချန်းလေးအထုပ်လေးတွေပြင်ကာ အရှေ့
ကိုဆွဲသယ်လာတော့သည်

အိမ်ရှေ့မှာရှိနေတဲ့ အပြုံးပိုင်ရှင်လေးကတော့ သူ့ရဲ့ပိုင်
ရှင်လေးနဲ့ ပျော်နေကြစွာ

"ချန်းလေး ကောင်းကောင်းပြန်နော်"

"အင်းပါ မင်းသာငါ့ကိုမမေ့မဲ့ တာရိုရ"

"မေ့စရာလား"

ပုခုံးဖက်လိုက်ရင်း တာရိုက သူ့အထုပ်တွေကို ဝိုင်းကူ
ုပြီး သယ်ပေးသည်

"ချန်းလေး"

အမြဲလိုလို အားနာနေရပြီး အမြဲမနာလိုဖြစ်နေရတဲ့သူက
ချန်းလေးကိုခေါ်လာသည် ပါးချိုင့်ရေးရေးလေးတွေ ပေါ်တဲ့
အထိ အစွမ်းကုန်ပြုံးပြနေတဲ့ ရွမ်ကျွင့်ကချစ်ဖို့ကောင်းလွန်း
သည် ဒါကြောင့်လည်း ဂျယ်မင်းကချစ်နေခြင်း ဟုတ်ပါ
လိမ့်မည်

"ချန်းလေး မြန်မြန်ပြန်လာနော်"

"ဟုတ်ကဲ့ အကိုရွမ်ကျွင့်လည်း ကျန်းမာရေးဂရုစိုက်နော်"

"အင်းပါ"

"နေကောင်းအောင်နေနော် မထိခိုက်စေနဲ့"

"ဟုတ်ကဲ့"

ချန်းလေးအတွက်တော့ အကိုလေးရဲ့နှုတ်ဆက်စကားက
ချိုသာလွန်းသည် ထပ်ဆင့်တိုးအနေနဲ့ အပြုံးလှလှလေးပါ
ဆင်မြန်းထားလို့နေမည်

လုံလောက်ပါပြီ ဒီလောက်ဆိုရင် အပြုံးလေးတစ်ခုနဲ့တင်
ကောင်းကောင်းရှင်သန်ဖို့လုံလောက်ပြီ

ကားထဲဝင်သွားကာ လက်ပြလက်နှုတ်ဆက်ရင်း ထိုသူ
တို့နဲ့ဝေးရာရောက်တာနဲ့ ငိုချမိသည်

ချန်းလေးရဲ့မျက်ရည်စတွေနဲ့အတူ အပြင်ကမိုးကလည်း
ရွာချလာသည် သူဒီကိုလာတုန်းကလည်း မိုးရွာခဲ့သလို
ဒီကထွက်သွားရပြန်တော့လည်း မိုးရွာနေခဲ့တယ်

အိတိကပ်ထဲမှာထည့်လာခဲ့တဲ့ သိပ်မရှိတော့တဲ့ မျိုးစေ့
ထုတ်လေးနဲ့ လက်ဆောင်ရခဲ့တဲ့ နာရီလေး.....

"ကျန်ခဲ့တဲ့နှင်းဆီပန်းတွေကို ဘယ်သူကဆက်ပြီးစောင့်
ရှောက်မလဲမသိပေမဲ့ ကျွန်တော့်ဆီမှာပါခဲ့တဲ့ ဒီမျိုးစေ့လေး
တွေကိုတော့ ရင်နဲ့ရင်းပြီး ကျွန်တော့်အချစ်တွေလို မျိုးပွား
အောင်လုပ်ထားမယ်"

အခ်စ္ဆိုသည္မွာ... { အချစ်ဆိုသည်မှာ ...}Where stories live. Discover now