PT [ 16 ]

214 26 0
                                    

( Zaw )

"ဟက်ချိုး!"

ချန်းလေးက ဖျားနေပြီဖြစ်သည်

"မင်းကိုပြောပါတယ် ရေကိုဘာလို့ အကြာကြီးချိုးနေတာ
လဲ တကယ်ပါဘဲ"

ပြောရင်းဆိုရင်းနဲ့ဘဲ ဂျယ်မင်းက ချန်းလေးသောက်ဖို့
ဆေးနဲ့ ဟင်းချိုတွေလုပ်ပေးနေလေရဲ့

ဆုဆူပူပူလေးနဲ့ လုပ်ပေးနေတဲ့ ဂျယ်မင်းက ကလေး
နဲ့လည်းတူသလို အုပ်ထိန်းသူကြီးနဲ့လည်း တူသည်

"ကဲ ရော့ ဆေးသောက်"

"ဟုတ်"

"ဘာမှ မျက်နှာမမဲ့နေနဲ့ ဖျားအောင်မနေနဲ့ နောက်တစ်ခါ
ကြားလား"

"ဟုတ်"

ဆေးမသောက်ချင်ပေမဲ့လည်း ချစ်ရသူက တိုက်တဲ့ဆေး
ဆိုတော့ ခါးတဲ့အရသာက ဘယ်နေမှန်းကိုမသိ ချိုသည်
သာရှိတော့သည်

"ဟင်းချိုသောက်ပြီးရင် နွေးနွေးထွေးထွေးအိပ်နော်"

"ဟုတ်ကဲ့"

ဂျယ်မင်းချက်ပေးတဲ့ ဟင်းချိုလေးကို သောက်လိုက်ရင်း
ချန်းလေး ပြုံးမိသည် ချစ်ရသူက သူ့အတွက် ချက်ပေး
သည်တဲ့လေ

"ဒါနဲ့ အိပ်နေရင်းနဲ့မှ နေလို့မကောင်းတော့ရင် ပြောနော်
ကြားလား"

"ဟုတ်"

"ကောင်းပြီ အိပ်တော့"

ချန်းလေးက ဂျယ်မင်းထုတ်ပေးထားတဲ့ အနွေးထည်ကို
ဝတ်ရင်း နွေးနွေးလေးဘဲ အိပ်ဖို့ ပြင်လိုက်သည်

ချန်းလေး မှေးကနဲ ပျော်သွားမှ ဂျယ်မင်းလည်း တစ်ဖက်
ကုတင်က ထလာပြီး ချန်းလေးနဖူးကို စမ်းလိုက်ရင်း

"တော်ပါသေးရဲ့"

ခေါင်းတစ်ပိုင်းလောက်ခြုံထားတဲ့ စောင်လေးကို ပြန်
ဆွဲတင်ပေးရင်း

"ဒါလား နွေးနွေးထွေးထွေးအိပ်တာ တကယ့်ကလေး
ဘဲ"

ဂျယ်မင်းက ပြောပြီးတာနဲ့ သူ့ကုတင်ကိုသူပြန်သွားပြီး
ပြန်အိပ်နေတော့သည်

ဂျယ်မင်းထွက်သွားမှ ချန်းလေးမျက်လုံးကို ပြန်ဖွင့်ရင်း
ပြုံးမိသည် ဘယ်လောက်ဘဲအေးအေး ဂျယ်မင်းရှိနေ
တာနဲ့တင် သူ့အတွက်နွေးနေသည်လေ

အခ်စ္ဆိုသည္မွာ... { အချစ်ဆိုသည်မှာ ...}Where stories live. Discover now