PT [ 15 ]

229 30 0
                                    

( Zaw )

ဂျယ်မင်းနဲ့အတူ ချန်းလေးက တစ်ခန်းထဲနေရတာမို့
ကုတင်နှစ်ခုပါတဲ့ အခန်းမှာ တစ်ယောက်တစ်ကုတင်
ဆီအလုပ်ရှုပ်နေကြသည်

ချန်းလေးက စပိန်စာ တစ်ချို့ကို လေ့ကျင်နေဟန်ရှိပြီး
စကားသံတိုးတိုးလေးနဲ့ လိုက်ပြောနေသည်

ဂျယ်မင်းကတော့ သူ့ဒိုင်ယာရီ စာအုပ်လေးနဲ့အတူစာ
အချို့ကို ရေးဖွဲ့နေလေရဲ့

လည်ပတ်မယ်ဆိုသောကြောင့် ဂျယ်မင်းနဲ့ချန်းလေး အ
တူလျှောက်လည်ကြသည် တခြားသူတွေ ဘယ်လိုထင်
လဲမသိပေမဲ့ အကိုလေးကသူ့လက်ကို ကိုင်လိုက်တိုင်း
သူ့ရင်ထဲ နွေးသွားရသည်

အတွဲတွေလို့ မြင်ရင်လည်း မြင်ပလေ့စေတော့လေ

သို့ပေမဲ့ အကိုလေးကတော့ ဘာမှဖြစ်မဲ့ပုံမပေါ် သူ့စိတ်
ကရိုးရှင်းသည် မဟုတ်လားလေ

"အကိုလေး ဒီနေရာလေးလှတယ်နော်"

"အင်း ဟုတ်တယ် မှတ်တမ်းတင်မှဘဲ"

ကင်မရာလေးထုတ်ပြီး ဂျယ်မင်းက မြင်ကွင်းလှလှလေး
တွေကို ရိုက်ကူးယူနေလေရဲ့

ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ ဂျယ်မင်းက သူ့မျက်စိထဲ
လှတဲ့အရာရာကို ရိုက်ကူးယူထားသည်

ချန်းလေး အကိုလေးကိုငေးနေရင်းနဲ့မှ...

"ချန်းလေ လာ ငါရိုက်ပေးမယ်"

"ဗျာ"

"လာလို့ ငါဓာတ်ပုံရိုက်ပေးမယ် လာဒီမှာလာနေ မင်းငါ့
ရဲ့ မော်ဒယ်လုပ်ပေး"

ချစ်ရသူရဲ့ ဆင့်ခေါ်မှုကြောင့် ချန်းလေး တုံ့ဆိုင်းမနေ
တော့ဘဲ ကင်မရာရှေ့တွင် ရပ်မိသည်

"တောင့်တောင့်ကြီး မနေနဲ့လေ သက်တောင့်သက်သာ
လေးနေပေါ့"

ချန်းလေးလည်း အတတ်နိုင်ဆုံးလှနိုင်မယ်ထင်တဲ့ ပုံ
စံမျိုးလေး နေလိုက်တော့ အကိုလေးက ပြုံးလာသည်
ချန်းလေးပုံကို ရိုက်ကူးယူပြီး ချိန်မှာ

"အကိုလေးကိုလည်း ရိုက်ပေးမယ်လေ ဒီမှာလာနေ"

ဂျယ်မင်းက ပြုံးပြီး သူ့ဆီကို ကင်မရာပေးလိုက်သည်
အပြုံးလှလှလေး ပြုံးနေတဲ့ အကိုလေးက လှပတဲ့ဒီနေရာ
ထက်တောင် သာလွန်သေးသည် လှပလွန်းတဲ့ အကိုလေး
ရဲ့ ပုံကိုလည်း ချန်းလေးရိုက်ယူမိသည်

အခ်စ္ဆိုသည္မွာ... { အချစ်ဆိုသည်မှာ ...}Where stories live. Discover now