PT [ 14 ]

220 32 2
                                    

( Zawgyi )

စပိန်နိုင်ငံရဲ့ အလှတရားမှာ ပျော်မြူးနေတဲ့ ကောင်ငယ်
လေးနှစ်ယောက်

တစ်ချက်တစ်ချက် မျက်ရည်ကျတတ်တဲ့ ဂျယ်မင်းကို
ချန်းလေးက ဖြောင်းဖြရသေးသည် ဂျယ်မင်းမျက်ရည်
ကျရင် သူလည်းနာကျင်ရသည်မို့လေ

"အကိုလေး ကျွန်တော်တို့ အိမ်ကိုဖုန်းပြန်ဆက်သင့်
တယ်ထင်တယ်နော်"

"မဆက်နဲ့ ငါခေါင်းရှင်းချင်လို့ ဒီကိုထွက်ခဲ့တာ"

သူ့အကိုလေးရဲ့ စကားတစ်ခွန်းကြောင့် တစ်လောကလုံး
ကိုတောင် အဆက်အသွယ်မလုပ်ဘဲ ချန်းလေးနေပစ်
ချင်သွားသည် ထိုစကားမှာ

"ချန်းလေး မင်းကတော့ငါ့နားမှာရှိမှဖြစ်မယ်နော်"

လေယာဉ်ပေါ်မှာ ကြားခဲ့ရတဲ့ စကားက ချန်းလေးကို
တကယ်ပင်ကောင်းကင်ပေါ်မှာ ပျံဝဲသွားအောင်လုပ်
နိုင်သည်

~နောက်ဆိုကျွန်တော်က အကိုလေးဆီက ချစ်တယ်ဆို
တဲ့စကားနှစ်လုံးလေးနဲ့တင် သေပစ်လိုက်ဖို့လုံလောက်
တယ်~

လူတစ်ယောက်ကို စွဲစွဲလမ်းလမ်း ချစ်မိသွားတဲ့အခါ
သူစေခိုင်းသမျှ နာခံနေတာမျိုးလေ တုံးအလို့မဟုတ်ဘဲ
ဒီအတိုင်း သူ့စကားရယ်မို့

"အကိုလေး အဆင်ပြေရဲ့လား"

"ဟင်အင့်"

တကယ်လည်း မပြေနိုင်ဘူးလေ သူ့ချစ်သူကိုထားခဲ့
ပြီး သူကဒီမှာမေ့ပစ်ရှင်သန်နေရတာ လွယ်တဲ့ကိစ္စ
ရယ်လား

ဟွမ်းရွမ်ကျွင့်ဆိုတဲ့ လူသားကို သူဘယ်လောက်တောင်
မှ ချစ်ခဲ့လဲလို့

နောက်ဆုံးထွက်သက်ထိ အတူရှိချင်ပါတယ်ဆိုတဲ့ သူ့
စကားကိုတောင် ရွမ်ကျွင့်က ခေါင်းထဲမထားဘဲ စိတ်
မဝင်စားခဲ့ပုံပင်

"ဒါပေမဲ့ ငါအဆင်ပြေသွားအောင် ထွက်ခဲ့တာဘဲလေ
ပြေအောင်နေရမှာပေါ့"

"ဟုတ်တာပေါ့"

အနားလည်းမကပ်ရဲ နောက်လည်းမဆုတ်နိုင်တဲ့အခြေ
အနေမှာ ချန်းလေးနေခဲ့တာလည်း အခုမှမဟုတ်တာ
သူ့အတွက်မျှော်လင့်ချက်ရခဲ့ပြီဆိုပေမဲ့ တခြားသူတွေကိုပါ
ထိခိုက်စေတဲ့ မျှော်လင့်ချက်မျိုးတော့ သုမလိုချင်ပါ

အခ်စ္ဆိုသည္မွာ... { အချစ်ဆိုသည်မှာ ...}Where stories live. Discover now