PT [ 4 ]

270 37 1
                                    

( Zawgyi )

အချစ်က သူကိုယ်တိုင်
     

       ဝင်ရောက်ဖို့ ခက်သလိုတအားလည်းလွယ်တယ်

ဂျယ်မင်းက ရွမ်ကျွင့်ကိုတွေ့ချင်လွန်းသည်မို့ ဂျဲနိုလာမခေါ်
ခင်ကပင် ပြင်ဆင်ပြီးနေပြီဖြစ်သည်

အချစ်ကလူကိုပြောင်းလဲစေတယ်

ချန်းလေးကလည်း သူ့ကိုခိုင်းထားတဲ့အလုပ်လေးတွေရှိ
တာမို့ ခြံရှေ့တွင် အလုပ်လုပ်နေသည် ပုံမှန်ဆို အိမ်ရှေ့
ထွက်ပြီး ဂျဲနိုကိုမစောင့်တတ်တဲ့ ဂျယ်မင်းက အခုဆိုရင်
လာစောင့်နေပြီဖြစ်သည်

"ချန်းလေး ထူးဆန်းတယ်နော်"

"ဘာကလဲ"

"ဟိုကိုကြည့်လိုက် အကိုလေးက အိမ်ရှေ့ထွက်ပြီး ကို
ကြီးဂျယ်နိုကိုစောင့်နေတယ်လေ သန့်ပြန့်နေတာဘဲ"

"ဟင်းးး ဘာလဲ အကိုလေးက အရင်ကမသန့်ပြန့်လို့
လား"

"အဲ့လိုတော့မဟုတ်ပါဘူး ဒီတိုင်း"

ချန်းလေးနဲ့ အသက်အရွယ်တူ သူငယ်ချင်းလေးဆိုလို့
တာရိုလေးတစ်ယောက်သာရှိသည် သူတို့က အိမ်ရဲ့အလုပ်
သမားတွေထဲမှာ အငယ်ဆုံးလေးတွေပင်

တာရိုက ချစ်ဖို့ကောင်းသလို သဘောလည်းကောင်းသည်
နာဂျယ်မင်းဆီကတော့ ဘာမှအပြောခံရခြင်းမရှိသလို
စကားလည်းမပြောဖူးတဲ့ တာရိုကို ချန်းလေးအားကျရမလို
ဖြစ်လာသည်

တာရိုစကားကြောင့် ချန်းလေးပါ သူ့အနောက်ကိုကြည့်မိ
သည် ရှပ်အပြာနုရောင်လေးနဲ့ ဂျင်းအပြာလေးကို တွဲဖက်
ဝင်ဆင်ထားတဲ့ နာဂျယ်မင်းက ခန့်ညားလွန်းသည်

ဂျဲနိုကရှပ်ဝတ်တဲ့အခါ ကြယ်သီးတွေဖြုတ်ထားလေ့မရှိပေ
မဲ့ ဂျယ်မင်းကတော့မတူ ရင်ဘတ်အသားလေးဖြူဖြူတစ်
ချို့ပေါ်သည်အထိ ကြယ်သီးဖြုတ်ပြီး ဖွင့်ဟထားတတ်သည်
ဒါဟာလည်း နာဂျယ်မင်းပိုင်တဲ့ ဆွဲဆောင်မှုတစ်မျိုးသာ

အပြာရောင်မိုးသားအောက်မှာ ချောချင်တိုင်းချော လှချင်
တိုင်းလှ ခန့်ညားချင်တိုင်းခန့်ညားနေတဲ့ ဂျယ်မင်းကို ချန်း
လေးသတိလက်လွတ်ခဏငေးကြည့်နေမိပြီးမှ သူ့ဆီကို
ကြည့်လာတဲ့ ဂျယ်မင်းရဲ့ အကြည့်စူးစူးတွေနဲ့ဆုံမှ သတိ
ပြန်ဝင်ကာ အလုပ်ဆက်လုပ်လိုက်သည်

အခ်စ္ဆိုသည္မွာ... { အချစ်ဆိုသည်မှာ ...}Where stories live. Discover now