အပိုင်း (၃) "သိကျွမ်း စုံဝေ အဖော်မည် ၊ခေါင်လန်ဖူး ခရီး"

1.7K 113 1
                                        

"ဒီနေ့ နှင်းတွေ ပိုကျတယ်  ၊ သွားလို့ သင့်ပါ့မလား "

"သင့်တယ် ထင်တာပဲ ၊ အန်တီနူး  ။
ကျွန်မတော့ သွားချင်တယ်  "

ကျွန်မ၏ သွားမည့်  ခရီးတစ်ခုအတွက် ဒေါ်ရန်နူးနှင့် ကျွန်မ ဆွေးနွေးနေခြင်း ဖြစ်သည်။   မိခင်တစ်ဦး ပမာ စိုးရိမ်ပေးတတ်သည့် ဒေါ်ရန်နူးမှာ ကျွန်မအား  သမီးလေး တစ်ဦးလိုပင်  ချစ်ကာ သံယောဇဉ်ပင် ဖြစ်နေ၏။

"ရေလှိုင်း သွားချင်သပါ့ဆို  အန်တီ တားမနေတော့ဘူး ။ ဒါပေမယ့် သွားလမ်း ၊လာလမ်းတော့ ဂရုစိုက်ရမယ်နော်"

"ရန်နူးရယ် ၊  ကျုပ်တစ်ယောက်လုံး ပါနေတာတောင် အစိုးရိမ် လွန်နေသေးတာလား ။
ဒီလောက်မှ စိတ်မချ ဖြစ်နေရင် မင်းလိုက်ခဲ့လေ "

သိုးမွှေးကုတ် ဖားဖားကြီး ဝတ်နေသည့် 
ဦးနေဂျာအောင်စီမှ ထိုစကားသံများ ပျံ့လွင့်လာသည်။ ထိုအခါ ဒေါ်ရန်နူးထံမှ  အံကလေးကြိတ်ကြိတ်နှင့်  ပြောလာသည့် စကားသံတစ်ချို့ ကျွန်မတို့ အားလုံး ကြားလိုက်ရလေ၏။

"လိုက်ချင်တာပေါ့  ၊ကျွန်မ လိုက်ရင် အိမ်က စောင့်မယ့်လူ မရှိတော့လို့ "

"ဒါဆိုလည်း ပိတ်ခဲ့ပေါ့ကွာ ။
တို့အိမ်မှာ ယူသွားစရာ  အဖိုးတန် ပစ္စည်းဆိုလို့ ဘာတစ်ခုမှလည်း ကောင်းတာ မမြင်မိဘူး "

"ဒါတော့ ဒါပေါ့ရှင် "

ဒေါ်ရန်နူး၏ ခပ်လေးလေးစကားသံများ ကြား
လာရပြန်သည်။  ထိုအခါတွင် ကျွန်မှာ သွားဖို့ အသင့် ဖြစ်နေပြီ ။ ထို့ကြောင့် ကျွန်မနှင့် ဦးနော်ဂျာအောင် ဒေါ်ရန်နူးအား နှုတ်ဆက်ခဲ့ပြီး   ကျွန်မ၏ အတွင်းစိတ်၌  ပျံ့နှံ့နေသော မြို့လေးစီသို့ ကျွန်မတို့နှစ်ဦး ဦးတည်ခဲဲ့ကြသည်။

"ဒီအကြိမ်တော့ ဦးက  သမီးရဲ့ လမ်းပြပေါ့"

ဦးနော်ဂျာအောင်၏  ခပ်ပြုံးပြုံးစကားမှာ ကျွန်မ ပြုံးရုံလေးသာ ပြုံးပြီး   ကျွန်မ ဦးတည်နေသော မြို့လေးအကြောင်းကိုသာ ကျွန်မ စိတ်ကူးယဉ်နေလိုက်သည် ။ cameraတစ်လုံးနှင့် မှတ်တမ်းတင်နေသည့် ကျွန်မအား  ဦးနော်ဂျာအောင်  စကားတစ်ခွန်းမှ ဝင်စွက်ဖက်ခြင်း မရှိ ၊ တစ်လမ်းလုံး  နှုတ်ဆိတ်ရင်း  ကျွန်မလုပ်နေတာလေးတွေကိုသာ  ပြုံးလျှက်နှင့် ကြည့်နေလေသည် ။

"မီးအိမ်ရှင်မလေး ---!" (complete)Where stories live. Discover now