နွေ၏ လက်ဆတ်သော လေနု၊ လေအေးကလေးများ စတင်တိုက်ခတ်စပြုလာသည်။ဘယ်ဟာတောင်တန်း ၊ ဘယ်ဟာ တိမ်ဆိုင်တိမ်ခဲများ စသည်ဖြင့် ခွဲခြားရ်ျ မရခဲ့သော ရှိန်းခေါင်ရှိ တောင်တန်းများသည် ကြည်ပြာရောင် အနောက်ခံ ဆင်ယင်ထားသည့် ကောင်းကင်ပြင်နှင့် နှင်းများကြောင့် သူ၏ မူလရုပ်ပျောက်သွားသည့် နှင်းဖုံးတောင်များကို ကောင်းစွာနှင့် ခွဲခြားမြင်နိုင်ပြီဖြစ်၏။ ထိုနည်းတူ ကျွန်မသည်လည်း ဤအရပ်၌ ရောက်ရှိနေခဲ့သည်မှာ လအတော်အတန်ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ကျွန်မ ရိုက်ကူးနေသည့် မှတ်တမ်းများသည်လည်း အချိုးအစား ပြေပြစ်ပြီး ရုပ်ထွက်ကောင်းစွာနှင့် ရိုက်ကူးပြီးသမျှ အကုန် အဆင်ပြေနေပြီ ဖြစ်၏ ။
မနောပွဲ ကျင်းပစဉ်အခါကသာ ကျွန်မသည် ပူတာအိုသို့ ရောက်ရှိခဲ့သည်။ ထို့နောက်တွင်တော့ ရိုက်ကူးရေးအဖြစ် မှတ်တမ်းတင်စရာရှိသော တစ်ရပ် ၊တစ်နယ်သို့သာ ပြန်လာဖြစ်ခဲ့သည်။ ရှိန်းခေါင်၌ ကျွန်မ ရိုက်ကူးရေး မလုပ်ရသေးသည့် အရပ်ဆိုသည်မှာ တစ်နေရာမျှပင် ရှိမည်မဟုတ်တော့။ မြင်သမျှ သက်ရှိ ၊သက်မဲ့ အရာတိုင်း ၊ သဘာဝ၏ လက်လက်ဆတ်ဆတ်အလှတရားများ စသည်များကို ကျွန်မ ကောင်းမွန်စွာနှင့် မှတ်တမ်းခန်းထဲ သိမ်းဆည်ခဲ့သည်သာဖြစ်၏ ။ ဒီနေ့ရော ၊ ကျွန်မ ဘယ်ခရီး ၊ ဘယ်အရပ်ကို ဦးတည်ရမလဲ ။ ရှိန်းခေါင်သို့ လာစဉ် ကျွန်မ၏ လမ်းပြအဖြစ် ကျွန်မနှင့်အတူ ရှိန်းခေါင်သို့ ချီတက်ခဲ့သည့် လမ်းပြဦးလေးကြီးသည် ဤရှိန်းခေါင်ဆိုသည့် မြောက်ဖျားပိုင်း၌ ရှိသည့် ရွာလေးကို တော်ရုံနှင့် ပြန်လာနိုင်မည် မထင်တော့ချေ ။
"ရေလှိုင်း ၊ သမီး ။
အစောကပဲ သမီးရဲ့ လမ်းပြနဲ့ ဖုန်းအဆက်အသွယ်ရတယ် ။ ကျော်ဌေးရဲ့ အလုပ်မှာ သူရာထူးတိုးသွားပြီတဲ့ ။ သမီးကိုလည်း
မေးနေသေးတယ် ။ ဦးလည်း ပြောလိုက်ပါတယ် ။ ဟေ့ကောင် --! ၊
ငါ့အိမ်မှာ ရေလှိုင်းရှိနေတာပဲ မင်းဘာအတွက်မှ မဆိုးရိမ်နဲ့လို့ ။ သူမရှိလို့ သမီး ရိုက်ကူးရေး မလုပ်နိုင်ဘူး ထင်နေတယ် ။ ဦးလည်း ပြောပြလိုက်ပါတယ်။ ရေလှိုင်းမှာ သူနဲ့ တိုင်ပင်ဖော် ၊ တိုင်ပင်ဖက်ရှိပြီး အသွားညီ အလာညီတဲ့ လမ်းပြဖြစ်သူ ဆရာမလေး ရှိတယ်လို့လေ ။ ဆရာမလေးက သမီးရဲ့ လမ်းပြဆိုတော့ ဒီကောင် အတော်အံ့သွားတာပဲ ။ ဟား --! "
YOU ARE READING
"မီးအိမ်ရှင်မလေး ---!" (complete)