အပိုင်း (၁၀) " ပုဝါခြားရျ် ခွဲခွာမည် တကား "

777 54 0
                                    

ကျွန်မ၏ စိတ်တွေ မှိုင်းညှို့ရင်း လေးကန်ထိုင်းမှိုင်းနေ၏။ ဤအရပ် ၊ ဤဒေသ ၊ဤနှင်းတွေ ၊ဤမြူတွေ အုံ့ဆိုင်းနေသည့် အရပ်နှင့် ကျွန်မ ဝေးကွာတော့မည် ဖြစ်ရျ်  ကျွန်မ၏ စိတ်တွေ မရွှင်မပြနိုင်။
မည်သည်ကနေ မည်သို့ ဖြစ်လာမလဲ ။ ကျွန်မတွေးမထားသေး ။ လက်ရှိတွင်တော့ ကျွန်မ၏ ခရီးအစထဲက  ပါလာသည့်  အထုတ်အပိုးများကိုသာ ပိုက်ပြီး အပြန်ခရီး  စတင်ရတော့မည်သာ ဖြစ်၏။ ဤသည်တွင် ကျွန်မ ပိုရျ် ဝမ်းနည်းကာ  စိတ်မကောင်း ဖြစ်ရပြန်၏။  စိတ်ဝင်စားရာ  မရှိခဲ့သည့် ဒီအလုပ် ၊
တစ်စုံတစ်ဦးကြောင့်သာ  စတင်ခဲ့သည့်  ကျွန်မ၏
ဤရိုက်ကူးရေး ခရီး ။ စသည်များဟာ  ယခုအချိန်၌ ကျွန်မ၏  စိတ်ဝင်စားရာ ၊ စိတ်အားထက်သန်ရာများ အဖြစ်  စိတ်အတွင်း၌ ကြီးစိုးကာ တည်ရှိနေလေသည်။ 

သို့ဖြစ်ပြန်သော်လည်း ကျွန်မဤခရီးတွင် ဆက်ရျ်  ရှည်ကြာစွာ နေလို့ ရမည်မဟုတ်တော့ချေ။
ကျွန်မ၏  မူလအလုပ် ၊ ကျွန်မ စိတ်ဝင်စားရာ ၊
ကျွန်မ ထက်သန်ရာ ဖြစ်သည့် အရင်းခံ ဝါသနာများက ကျွန်မအား စောင့်ဆိုင်းနေပြီ ။  ဟားဗဒ်တွင်  ပူးတွဲ အမှု ကလည်း  ကျွန်မအား စောင့်ကြိုနေသလို  ၊   ဂီတတန်း နှင့် ဂန္နဝင် စာပေတန်းကလည်း  စောင့်ကြိုနေလေသည်။ လက်တင်တန်းကတော့ ဘွဲ့ကြိုနှစ်ထဲက ပြီးဆီးခဲ့ရျ်   ဒီနှစ်တွင် လက်တင်တန်း တက်စရာ မရှိ။   ။

"တီ တီ--! "

"ပွမ်--!"

ကားဟွန်းတီးသံ ကြားလာရ၏။ ထို့နောက်တွင်

"ဟေ့ ကျော်ဌေး ၊ ရောက်လာပြီလားဟ ။
လာ --! ထိုင်ပါအုံး ။ ရန်နူးရေ  ပျား၊ သံပုရာ ရည်နွေးကြမ်းလေး လုပ်ပါအုံး  "  စသည်နှင့် ဦးနော်ဂျာအောင်၏ ဖော်ရွေရွေ နှုတ်ဆက်သံကိုလည်း တစ်ဆက်ထဲ ဆိုသလို ကြားလိုက်ရလေသည်။
ကျွန်မ တကယ်ကို ပြန်ကြရတော့မည်ပဲ ။
ကျွန်မအား  လာခေါ်သူပင် ရောက်ရှိလာပြီ ဖြစ်၏။

"ထိုင်အုံးမှာဟေ့--! ။  တရုတ်ဘက်က ဝင်လာတာဆိုတော့  အေးကအေးနဲ့ ၊  ပျားသံပုရာရည်လေးနဲ့ဆို
အကိုက်ပဲ ။ "

" ရေလှိုင်း လုပ်စာရာလေးတွေ ရှိသေးလို့
ထင်တယ်။  မဆင်းလာသေးတာ ။ အစောကတော့
အောက်ထပ် ခဏ ဆင်းလာသေးတယ် ။
ရောက်မဆိုက်ကြီး  မသွားကြနဲ့ ၊  ဝမ်းလေးနွေးသွားအောင်  သောက်ပါအုံး  "

"မီးအိမ်ရှင်မလေး ---!" (complete)Where stories live. Discover now