နယုန်မိုး၏ မိုးနံ့ ၊ လေနံ့များ ရရှိလာ၏။တစ်ရပ် တစ်ဒေသလုံး နှင်းဖုံးနေသည့် ရှိန်းခေါင်မည်သော အရပ်တွင် မိုးရိပ် ၊ တိမ်ရိပ်များ မတွေ့ရပါ။
ကြည်ပြာသော ကောင်းကင်ကြီးနှင့် နှင်းဖွေးဖွေးများကိုသာ မြင်နေရပြီ ဖြစ်သည်။ တန်ခူး နှောင်းပ်ိုင်း ကဆုန် အဝင်လောက်ထဲက နွေဥတုမှာ ပျောက်ပြီး မြူလေတွေစိုင်းစ ပြုလာ၏။ မိုးရာသီ မတွေ့ရသည့် ဤအရပ်တွင် နွေဥတုမှာလည်း ရှည်ကြာမှု မရှိခဲ့ ။ စာသင်နှစ် တစ်နှစ်ပြီးစီးသွားသည့် အတွက် ကလေးများပင် စိတ်သစ် ၊လူသစ်နှင့် ကျောင်းတတ်နေကြပြီ ဖြစ်၏။မနက်စာ ဝမ်း၌ ဖြည့်တင်းပြီးထဲက ကျောပိုးအိတ်လွယ်ပြီး ရွာထိပ်ဖျားပိုင်းသို့ ကျွန်မ ထွက်လာခဲ့သည်။ ဆက်သွယ်ရေး ကွန်ယက်၏ ချိတ်ဆက်ခြင်းတွင် ကျွန်မပို့ခဲ့သော mailမှာ လက်ခံသူစီသို့ မရောက်၏တဲ့ ။ ထိုနှင့် ကျွန်မမှာ ဦးနော်ဂျာအောင်တို့အား အကူအညီတောင်းကာ ဆက်သွယ်ရေး ချိတ်မိနိုင်မည့် အရပ်သို့ ဦးတည်လာရခြင်းသာ ဖြစ်နေပါ၏။
"ရွာထိပ် သွားကြည့်ပါလား ရေလှိုင်းရယ် ။
တောင်တွေလည်း ရှိ ၊ မြင့်လည်းမြင့်တော့ ရေလှိုင်း သုံးချင်တဲ့ ကွန်ယက်နဲ့လည်း ချိတ်မိနိုင်လောက်မယ် ။ တစ်ခါ ၊ တစ်ခါ ရွာဘက် ရောက်လာတတ်တဲ့ တရုတ်ဘက်က လူတွေကတော့ အင်တာနက် ရချရင် ရွာထိပ်ဘက် သွားကြတာပဲ "ဦးနော်ဂျာအောင်၏ ထိုစကားကို ကျွန်မလက်ခံကာ ရွာထိပ်သို့ ဦးတည်ခဲ့ခြင်းဖြစ်သည်။ ရွာထိပ်နှင့် ကျွန်မ နီးကပ်စပြုလာပြီ ။ ဤသည်နှင့် ကျွန်မ၏ ခြေလှန်းများကို ပိုမို ရှဲလ်ိုက်ရင်း ထိုမတ်စောက်စောက်နှင့် တောင်တွေရှိသည့် ရွာထိပ်ပိုင်းသို့
သွက်လက်စွာနှင့် ကျွန်မ ဦးတည်လိုက်တော့၏။အရိပ်လေးတစ်ခု ၊ ဘာပါလိမ့် ။
လှုပ်လီ ၊ လှုပ်လဲ့နှင့် မြင်လိုက်ရသည့် အရိပ် သဏ္ဌာန် တစ်ခုကြောင့် ကျွန်မထံတွင် စူးစမ်းချင်စိတ် များသွား၏ ။တစ်ဆက်ထဲလည်း စိတ်၏ အတွင်းဘက်၌ ကြီးစိုးနေသည့် ဟားဗဒ်မှ အမှုတစ်ခုကို သတိရမိလာသည်။ ဟားဗဒ်ကျောင်းရှိ ဥပစ္စာတန်း၌ ဥပဒေပညာ ဆက်လက်ဆည်းပူးနေသည့် ကျွန်မထံတွင် အမှုတစ်ခု ရှိနေသည်။
ကိုယ်တိုင် အမှုလိုက် ရှေ့နေ မဟုတ်သေးပေမယ့်
ကျောင်းကပေးသော လက်ချာ တစ်ပုဒ်ဆိုတော့ အဝေးရောက်နေသည့် ကျွန်မသည်လည်း ငြင်းဖို့ အခွင့်မသာခဲ့ချေ ။ အမှတ်ပေးမည့်အပြင် ဥပစ္စာတန်းအတွက် အရေးကြီးရ်ျ ကျွန်မ ထိုအမှုအား
လက်ချာဆရာ၏ mailတွင် လက်ခံသည့် သဘောသာ ပြသခဲ့သည်။
![](https://img.wattpad.com/cover/310039327-288-k824884.jpg)
YOU ARE READING
"မီးအိမ်ရှင်မလေး ---!" (complete)