မီးအိမ်ရှင်မလေး ရှင်းတမ်း ##

1.6K 70 11
                                        

မင်္ဂလာပါ။ စာရေးသူ ruby--- (D.D)🍁ပါ။
မထင်မှတ်ထားပဲနဲ့  မီးအိမ်ရှင်မလေး fictionလေးကို ဖတ်ရှုသူတွေ ရှိလာပါတယ်။ ဘယ်ကနေ / ဘယ်လို ရောက်လာလဲ …? ၊ ဘယ်ကနေ ကျွန်တော့် ficလေးကို စသိလဲ မသိပေမယ့်လို့  စာရေးသူ ကျွန်တော့်ဘက်ကတော့ စာဖတ်သူတွေ မြောက်များစွာ ရတဲ့ အပေါ်မှာ အတိုင်းမသိ / ဝမ်းသာ/ ကျေနပ်သလို ၊  ပီတိလည်း ဖြစ်ပါတယ်။

ကျွန်တော်က ပုံစံတစ်မျိုးပါ။
ဝတ္ထု ဖတ်ဖတ် ၊ဇာတ်ကားပဲ ကြည့်ကြည့် ၊ အပိုင်းတွဲပဲ ကြည့်ကြည့်  မိမိကိုယ်ကို  အလုပ်ပြန်ပေးတဲ့  အတွေးအခေါ်ပိုင်း ပါတဲ့ စာသား / ဇာတ်အိမ် ၊ ဇာတ်ကွက်  ဒါမျိုးတွေ ပိုသဘောကျပါတယ်။ အရှင်းကြီး ရေးပြတာ မဟုတ်ပဲ  စာဖတ်သူ ( သို့မဟုတ် )  ဇာတ်လမ်းကြည့်သူတွေကို ပြန်ပြီး တွေးခေါ်ခိုင်းတာကို  ကျွန်တော်ပိုနှစ်သက်တယ်။ ဒါကြောင့်ပဲ   ဤ မီးအိမ်ရှင်မလေး ဆိုတဲ့ fictionမှာ ကျွန်တော် ပဟေဌိ ထည့်ခဲ့တာပါ ။

စာဖတ်သူတွေ မေးခွန်းထုတ်တဲ့
အများဆုံးမေးခွန်း …! ။    ။

ခွန်းချိုသာလှိုင် နဲ့ ရေလှိုင်းသံစဉ်သည်
ပြန်တွေ့လား ။ ပြန်ဆုံလား  ။

ဒီအတွက် ရှင်းပြပါရစေ ။
ခွန်းချိုသာလှိုင်ဆိုတဲ့  ဆရာမလေးသည်  သူမ၏ ငယ်ချစ်ဦးလေးဖြစ်တဲ့ သင်္ဘောသားလေး
လာခေါ်သည်၌ပင် သူမဟာ ရှိန်းခေါင် ရွာလေးမှ မခွာခဲ့ပါ ။   ဘာကြောင့် သူမ မခွာသည်လဲ ။
သူမ ငယ်ချစ်ဦး လာသည်ကို သူမက ပြန်မလိုက်ဘူး ။ ဒါတွေဟာ  သူမသည် ရှိန်းခေါင် ရွာလေးအတွက်ပဲ သူမရဲ့ စိတ် ၊ သူမရဲ့ သင်ကြားရေး
ရသ စာစုံ ဒါတွေကို   ရှိန်းခေါင်အရပ်မှာပဲ ထားရှိချင်တယ် ။ မခွာချင်ဘူး ။  ပိုရှင်းအောင် ပြောရရင် ဆရာမလေးသည် ရှိန်းခေါင် ရွာက သူမ ရဲ့ တပည့်တွေနဲ့ပဲ  စာသင်ကြား​ပေးရင်း အချိန်ကုန်သွားမယ် ဒါကို ဆိုလိုချင်တာပါ ။

ဒါကို ရေလှိုင်းက သိခဲ့လား …? ။     ။

ဝတ္ထုကို ကျော်ခွ ဖတ်လာရင်တော့ သိမှာ မဟုတ်ပါဘူး ။ ရေလှိုင်းနဲ့ ခွန်းမှာ ရှိခဲ့တဲ့ ဖလှယ်တဲ့ အနမ်းတစ်ပွင့်နှင့်အတူ  ရေလှိုင်းဟာ ခွန်းရဲ့ စိတ်ကို သိခဲ့ရတယ် ။ ဒါပေမယ့်  အဲ့ဒီ့ အချိန်တုန်းက  ရေလှိုင်းဟာ ခွန်း သူမကို ချစ်နေမှန်း မသိခဲ့ဘူး ။
သူမကပဲ  ဆရာမလေးကို  ချစ်နေတယ် ထင်ခဲ့တာပါ ။  ဒါကြောင့်လည်း ရေလှိုင်းက ခွန်းစိတ်ကို နားလည်ပေးပြီး သူမ လာလုပ်တဲ့ ရိုက်ကူးရေး ပြီးအောင် လုပ်သွားတာ ။   ဆရာမလေးလည်း 
ရေလှိုင်းကို  ချစ်နေတယ် ဆိုတာ  ရေလှိုင်း သိတော့ သူမ ရှိန်းခေါင်က ပြန်မယ့်  အချိန်ရောက်နေပြီ ။ မှတ်မိကြလား ။ နောက်ဆုံး အခန်းက  ရေလှိုင်း မပြန်ခင် ကားပေါ်မှာ ရေလှိုင်း   ဦးကျော်ဌေးကို  မေးတဲ့  စကား  " နာ ခ ဂ ဇ ရှောင် ငှေ " ဆိုတာလေးပါ ။ ဒါလေးက ရဝမ်လိုဆို မင်းကို အရမ်း ချစ်တယ် ပြောတာပါနော် ။  ဆရာမလေးက  ရေလှိုင်းကို  နောက်ဆုံးမှာ သူမရဲ့
စိတ်ကို   ဖွင့်ပြလိုက်တာပါ ။

"မီးအိမ်ရှင်မလေး ---!" (complete)Where stories live. Discover now