"မီးအိမ်ရှင်မလေး " (ဇာတ်သိမ်းပိုင်း )

3.1K 102 7
                                        


၂၀၂၀ ၊  ဒီဇင်ဘာ  ၁၅ ။  ။

ကိန်းဘရစ်မြို့ ၊ မန်ဆာချုးဆက် ပြည်နယ်ရှိ
ဟားဗဒ်ကျောင်းတော်ကြီးရှိ ဆောင်းကား   နှင်းမြူတစ်ဖွေးဖွေးတွင် လွမ်းရိပ်များစွာ ထင်ကျန်ရစ်နေလေသည်။ ထိုနှင်းမြူများနည်းတူ  တစ်စုံတစ်ဦး၏
စိတ်အစုံဟာလည်း နှင်းတွေမြူတွေ ခဲနေကာ  အေးမြနေလေ၏။

မနက်ဝေလီဝေလင်း၌ ဟားဗဒ်ကျောင်းတော်ကြီးတွင် သတင်းစာများ  စတင်ဝေနေလေပြီ ။
ကျောင်းသား ၊ သူများ၏  အဆောင်ဘေးရှိ ခြင်းလေးတွေ၌လည်း  ယနေ့ထုတ် သတင်းစာများ ရှိနေလေသည်။ 

ကမ္ဘာသို့ ပျံ့နှံ့သွားသည့် စာတမ်းတစ်ပုဒ်နှင့်  ပုံရိပ်များစွာဟာ ထိုဟားဗဒ် ကျောင်းဆင်းတစ်ဦး၏
စွမ်းဆောင်ရည်များနှင့်   များစွာ သက်ဆိုင်နေသည်။  ထိုအချိန်မှာပဲ ရောင်နီသမ်းလာ၏။
မိုးသောက်  စပြုလာ၏ ။  စောစောထကာ ကျန်းမာရေး အားကစား လိုက်စားသည့်  ဆရာများ ၊ ကျောင်းသားများသည်   ယနေ့ထုတ် သတင်းစာအား   အားကစားလုပ်ပြီးချိန်၌ ထူခြားတာ ဘာများ ပါလို ပါငြား ဖတ်ကြသည်။ ထိုအချိန်မှာပဲ  သူတို့၏ အာရုံများ စာတမ်းတစ်ခု၌ ကပ်ညှိကာ
နေရပ်လေးတစ်ခုသည် သူတို့၏ စိတ်အတွင်း၌ ဆွဲမြဲသွားလေ၏။ ထိုစာတမ်းကို ပြုစုသူ    မည်သူလဲ ဖတ်ကြည့် လိုက်ချိန်၌ကား ။  သူတို့သည် ပိုရျ်ပင်မျက်ခုံး ပင့်သွားကြပါ၏။  ဆရာများသည်တော့ သူတို့၏  တပည့်ကျော်အတွက်  ဂုဏ်ယူကာ  မျက်နှာထပ် ကျေနပ်သည့် အရိပ်အယောင် သန်းနေကြသည်။ ဟားဗဒ်ရှိ  အဆောင်တိုင်းတွင် ဥပ​ဒေ အဆောင်ကတော့ ထူးကဲစွာနှင့် မျက်နှာရလေသည်။ မည်သို့ဆို  သူတို့ ဖတ်နေသည့်  စာဆောင်အား  မှတ်တမ်းရိုက်ကူးပြီး ၊ ထိုနေရပ်၏  နေထိုင်ပုံ ၊ စားသောက် နေထိုင်မှု ၊ ယဉ်ကျေးမှုများကို အပိုအလို မရှိ  စာတမ်းအဖြစ်  ပြုစုထားသည့် စာတမ်းရေးသားသူမှာ လက်ရှိ အမေရီကား၏ ဥပဒေ လောကတွင် လက်သစ် မျက်နှာသစ် အဖြစ်နှင့် ရှေ့နေ့လောကထဲ ဝင်လာသူ ။  ဟားဗဒ် ကျောင်းဆင်း ၊ ၂၀၁၇ ကျောင်းထွက်  ရေလှိုင်းသံစဉ်  ဖြစ်နေသောကြောင့်ပင် ဖြစ်နေပါ၏။ 

မန်ဆာချူးဆက်ပြည်၏ ဆောင်းတွင်   ကုတ်အင်္ကျီ အနက် ၊ စတိုင်ပင် အနက်နှင့် တစ်ကိုယ်လုံး နက်စွေးလျှက် ရှိသူတစ်ဦး မနက်ခင်း သတင်းစာ ဖတ်ရင်း  လမ်းဘေး တန်းလျားလေးတွင် ထိုင်နေ၏။
ထိုသူ၏ သဏ္ဌာန်သည်  အရပ်မြင့်မြင့် ၊ ခန္တာမတ်မတ်နှင့် ရှိကာ  အဝေးကရှိလျှင်ပင်  ရုပ်ရည်ကော  ခန္တာပါ ပြေပြစ်နေမည်မှာ  သေချာနေ၏။
ထိုအချိန်မှာပဲ  လေတစ်ချက်  တိုက်ခတ်သွားသည်။
လေသည်  လေပွေဖြစ်နေရျ် ထိုသူ၏   ပုခုံးထပ်၌ ရှိသည့် ပုဝါလေး လှုပ်ခတ်သွားကာ  လေ၏ အလျှင်နှင့် လွင့်သွားမလို ဖြစ်သွားသည်။  သို့ပေမယ့် ၊ ထိုပုဝါလေးမှာ  ထိုသူ၏   လက်မှ လွတ်မသွားချေ ။
ထိုသူမှာ   ထိုပုဝါလေးအား   မလွတ်တမ်း ဖမ်းယူ ဆွဲထားခြင်းကြောင့်သာ ဖြစ်နေပါ၏။

"မီးအိမ်ရှင်မလေး ---!" (complete)Where stories live. Discover now