ကုန်ဆုံးတော့မည့် ဒီဇင်ဘာ၏ ဆောင်းအဆုံးမှာ
ရှိန်းခေါင်ရွာလေး၌ ခိုက်ခ်ိုက်တုန်အောင်
ချမ်းနေပြီဖြစ်၏ ။ ပြတင်းမှ တစ်ဆင့် မြင်နေရသည့် နှင်းခဲများကို ကြည့်ပြီး ကျွန်မ၏ နှုတ်မှ ချမ်းအေးခြင်း၏ ပြယုတ်အတွက် စကားစုတစ်ချို့ပင် ရှိလာခဲ့သေး၏။" အကူးအပြောင်းဖြစ်တော့မယ့် ဥတုရာသီ။
မြူခိုးဝေ အုံ့မှိုင်းနေခြင်းမှာ တောင်တွေ နှင်းဖုံး ။
အလားတူ လူတွေ နှင်းရွှဲ။
တောင်ခါတဲ့ အဆက်ဆိုတော့လည်း
မိငယ်ရေ ---! ၊ နင် အအေးဒဏ်ကို ခံပေအုံးပေါ့"ထိုစကားလုံးများ ရေရွတ်ပြီး အနီးမှ လက်ဖက်ခြောက်ကောင်းသည့် ရေနွေးကြမ်းခွက်ကို ယူလိုက်ရင်း ကျွန်မ၏ ဝမ်းအား အနွေးဓါတ်ပေးလိုက်သည်။ မွှေးပျံ့ပျံ့ ရှိလှတဲ့ ထိုလက်ဖက်ခြောက်ကောင်းကောင်းမှာ ကျွန်မ၏
တွေးဆဆစိတ်၌ တစ်စုံတစ်ဦး က စိုးမိုးထားလို့ နေပြန်သည်။"လက်ဖက်ဆို ဒီမြောက်ဖျားပိုင်းမှာ ခေါင်လန်ဖူး လက်ဖက်မှ ကောင်းတယ် ။ စီးပွားဖြစ် မဟုတ်ပဲ ၊
တစ်နိုင်တစ်ပိုင်ဆိုတော့ အိမ်တိုင်းနီးနီး စိုက်ကြတယ် ။ တစ်ညွန့်လောက် မြည်းကြည့်မလား "ပါးစပ်ထဲ ရောက်လာသည့် ဆရာမလေး၏ လက်ဖက်ညွန့် အခွံ့မှာ ကျွန်မ ဆရာမလေးအားကြည့်ရင်းနှင့်ပဲ ထိုအချိန်တုန်းက လက်ဖက်၏ အရသာကို မြည်းခဲ့သည်။ ရေဆေးရုံနှင့် အညွန့်လေးတွေ ခက်နေသည့် လက်ဖက်လေးမှာ ကျွန်မ စားဖူးသည့် လက်ဖက်တွေလို ခါးခြင်းမျိုးလည်း မရှိ ၊ ရေးလေးဆေးရုံနှင့် အရသာလေးမှာ တစ်မျိုးလေးနှင့် ခံတွင်းတွေ့လေ၏။
ကြီးစိုးလာတဲ့ စိတ်၏ အလိုကို လိုက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်သည်။ ထိုအခါတွင် ကျွန်မ cameraကို လွယ်လိုက်ပြီး လည်ပိတ်ဆွယ်တာ အဖြူ ပေါ်သို့ ကုတ်တစ်ထည် ထပ်ဝတ်လိုက်ပြီး ဒေါ်ရန်နူးအား နှုတ်ဆက်ရင်း ကြီးစိုးနေသည့် အတွင်းစိတ်၏ နေရာတစ်ခုသို့ ကျွန်မ ဦးတည်လိုက်တော့၏။
" ကျောင်းလား ၊ ရေလှိုင်း ။
လမ်း သိတယ်မလား ၊ ဒါဆို အန်တီ လ်ိုက်မပို့တော့ဘူး "
![](https://img.wattpad.com/cover/310039327-288-k824884.jpg)
YOU ARE READING
"မီးအိမ်ရှင်မလေး ---!" (complete)