ဆိုင်းသံ ၊ဗုံသံ ၊ တီးခတ်သံများက ကျွန်မ၏ အကြားအာရုံအတွင်းသို့ ငြင်သာစွာနှင့် ရိုက်ခတ်လာလေသည်။ ချမ်းအေးလွန်းရျ် စောင်အထပ်ထပ်ခြုံထားရာမှ ကျွန်မ၏ လေးကန်စိတ်ကို ဖယ်ခွာရင်း ထိုအနွေးဓါတ်ရှိနေသည့် စောင်အတွင်းမှ ကျွန်မ နိုးထလိုက်တော့၏ ။
"ရေလှိုင်း ၊ သမီး နိုးပြီလား ။
ရေလှိုင်း --!"
"ဟုတ်ကဲ့ ၊ နိုးနေပြီရှင့် "
"နိုးရင် ထတော့ သမီး ၊ မနောကွင်း သွားမှာနဲ့ ဘာနဲ့ ၊ကြာနေလို့ မကောင်းဘူး ။ "
"ဟုတ်ကဲ့ ၊ အန်တီ နူး "
ဒေါ်ရန်နူး၏ စကားသံ ကြားလာရ၏ ။ ထိုစကားတွင် ကျွန်မ အသာတကြည်နှင့် လုပ်စရာရှိသည်များ တတ်ကြွစွာ လုပ်နေလိုက်သည်။ စက္ကန့်ပိုင်းနှင့်ပင် အိပ်ယာခင်း ၊ အိပ်ယာများအား ကျွန်မ သိမ်းဆည်းရျ် ပြီးသွား၏ ။ ထို့နောက်တွင် သန့်စင်စရာရှိသည်များ ဆေးကြောသန့်စင်လိုက်ပြီး ကျွန်မ၏ ခန္တာထက် နွေးမည့် ဝတ်ဆုံ တစ်စုံ ဆင်မြန်းလိုက်လေသည်။
"အန်တီနူး လှလိုက်တာ--!"
အရောင်အသွေး စုံစွာ မြင်လာရသည့် ဝတ်ဆုံ တစ်စုံကြောင့် ကျွန်မ၏ နှုတ်မှ ထိုစကားလုံးများ ထွက်သွားလေ၏ ။ ထိုအခါတွင် ဒေါ်ရန်နူး ကျွန်မအား ပြုံးပြရင်း
"ဒါ ရိုးရာ ဝတ်ဆုံလေ ရေလှိုင်း ။ အန်တီတို့က ရဝမ် ဆိုတော့ ရဝမ် ရိုးရာ ဝတ်ဆုံနဲ့ မနောပွဲ ဆင်နွှဲမှာ ။ အန်တီတင်မကဘူး သမီး ဟိုရောက်ရင်
ဒီထက် ဆုံလင်တဲ့ အရောင်အသွေးတွေကို
မြင်ရအုံးမှာ "
ထိုစကားတွင် ကျွန်မ၏စိတ် လှုပ်ရှားသွားရလေသည်။ နတ်ပူဇော်ပွဲရက်များတွင်လည်း ကျွန်မ မနောကွင်းသို့ သွားရျ် မှတ်တမ်းတင်ရိုက်ကူးသည်။ ထို့ကြောင့် မနောကွင်းနှင့် ကျွန်မမှာ စိမ်းသက်နေခြင်းတော့ မရှိ ။ သို့ပေမယ့် ယနေ့ ပါဝင်နေသည့် မနောအကများကြောင့် မမြင်ရသေးခင်၌ပင် ကျွန်မအား ထိုအရာများက စိုးမိုးထားလေသည်။
"စုံပြီဆိုတော့လည်း သွားကြတာပေါ့
မနက်စာအဖြစ် ရ်ိုးရာ ကြက်ဆန်ပြုတ် သုံးဆောင် ပြီးသည်၌ ဒေါ်ရန်နူး ထိုစကားများ ဆိုလာလေသည်။ဟာနေသည့် ဝမ်းမှာ ပြည့်သွားပြီ ဖြစ်ရျ် ကျွန်မ လည်း တတ်ကြွစွာနှင့် ဒေါ်ရန်နူး စကားအား ချိုသာစွာနှင့်ပင် ပြန်လည်ရျ် တုံ့ပြန်လိုက်ပါ၏ ။
YOU ARE READING
"မီးအိမ်ရှင်မလေး ---!" (complete)