အပိုင်း (၇) "ရဝမ်ရိုးရာ မနောပွဲ (ဒဘူအဇီးခေါင်) "

576 43 2
                                    

စိုတစွတ်စွတ်  ရှိသည့်  နှင်းများကြားတွင်  ခြောက်သွေ့နေသည့် ခံစားချက်များ ခံစားနေရသည်မှာ  အဘယ်သို့နည်း။  ဤတွင် ကျွန်မထံ၌ 
စကားလုံးများစွာ ရှိလာပါ၏ ။ နေ့ပူ ၊ ညချမ်း တပေါင်းည သရမ်းလို့  ခေါ်ဆိုရမည် မဟုတ်သည့်
မြန်မာလူမျိုးတို့၏  ရွှင်မြူးခြင်းတရား ရှိသည့်
ရေကစားသည့်လ ၊  နှစ်ဟောင်းက အညစ်အကြေးများကို နှစ်သစ်မှာ  စိတ်သစ်လူသစ် ဖြစ်အောင်  ရေအေးလေးနှင့် လောင်းကြသည့် အခါတန်ခူး ။
နေ့ပူသည်။ ညချမ်းသည်။ ဥတုရာသီ မကိုက်ညီပါ ။သို့သော်   စာဆိုနှင့်ရှိသည့်  သရမ်းသောလ   တပေါင်းလတော့ မဟုတ်ပါ ။  အခါကူးပြီး ရွှင်မြူးရသည့် တန်ခူး  (ဧပြီလ)ပင် ဖြစ်နေ၏ ။

မနက်ထဲက ကျွန်မ ဟိုလျှောက် ၊ဒီလျှောက်နှင့်
အိမ်ပေါ်နှင့် အောက်ထပ်ကို ခေါက်တို့ခေါက်ပြန် လုပ်နေမိသည်။  အခေါက်တိုင်းလည်း ကျွန်မထံ၌
ဘာစိတ်ကူး ၊ ဘာအတွေး ရှိသည်လဲမသိ ။
ကျွန်မ တွေးသည်။ စိတ်ကူးကြည့်သည် ။
သို့တိုင်အောင် ၊ ကျွန်မ၏ စိတ်အတွင်း၌ ရှိသည့်
စိတ်ကူး စိတ်သန်းကိုတော့  ကျွန်မ  ရုပ်ထွက်မမြင်နိုင်အောင် ဖြစ်ကာ ပုံမဖော်နိုင် ဖြစ်နေ၏။
ထို့နောက်တွင် ကျွန်မသည်  အပေါ်ထပ်သို့  တက်လိုက်ကာ  ဧည့်ခန်း၌ ရှိသည့် ဖတ်လက်စ စာအုပ်တစ်အုပ်အား  ယူလိုက်ရင်း အောက်ထပ်သို့ ပြန်ရ်ျ ဆင်းခဲ့လိုက်သည်။ ကျွန်မထံ၌ ဦးတည့်မည့် နေရာ ရှိနေသည်။ ဤတွင် ကျွန်မ မီးဖိုထဲသို့ ဦးတည်လိုက်တော့သည် ။အပြင်သွားမည် ဖြစ်သဖြင့်   ဒေါ်ရန်နူးအား  အကျိုးအကြောင်း ပြောဖို့ ဦးတည်ခြင်းသာ ဖြစ်၏ ။ သို့သော် ကျွန်မ ဒေါ်ရန်နူးအား   မီးဖိုဆောင်ထဲ၌ မတွေ့ပါ ။ထိုတွင်  ကျွန်မမှာ အပေါ်သို့ ပြန်တက်ရပြန်သည်။ မနက်စောစော ဒေါ်ရန်နူးအိမ်၌ မရှိသည်ကို ကျွန်မထံ၌ အတွေးများစွာ ရှိမနေပါ ။ မည်သို့ဆို ၊ ဒီလပိုင်းမှာ ရဝမ်တိုင်းရင်းသားတြွေဖစ်ကြတဲ့ အန်တီနူးတို့ တစ်တွေ အလုပ်တွေရှုပ်နေကြမည်ဖြစ်သည်။ ဆင်နွှဲကျင်းပမည့်  ပွဲတော်ကြီးတစ်ခုက ရဝမ်တိုင်းရင်းသားတို့ ထံတွင် ရှိနေသည် မဟုတ်လော ။ ထို့ကြောင့်ပင် ကျွန်မစီ၌  စွယ်စုံကျမ်း ရှိနေပြီ ။ ကျွန်မ၏ စိတ်ပိုင်းဖြတ်ထားသည့်  (documentary )ဒေါ်ကူမန်ထရီ  ရိုက်ကူးရေး အလုပ်တွင်  အချိန်တိုင်း ၊ အခါတိုင်းတော့
သူများအား  အမေးရှိနေလျှင် မသင့်တော်တော့ချေ။ ထို့ကြောင့် ကျွန်မအား ဦးနော်ဂျာအောင် ကိုယ်တိုင်ကပင်  ဤလတွင် ကျင်းပမည့် ပွဲတော်အတွက်  သိမှတ်ရာများအား စာအုပ်မှ တစ်ဆင့်  သိမှတ်ခိုင်းထား၏ ။  စာအုပ်ပေးဖတ်ထားသည်ပဲ  ဆိုပါတော့။

"မီးအိမ်ရှင်မလေး ---!" (complete)Where stories live. Discover now