အပိုင်း (၉) " ပေါင်းလွှာထိကပ် နှုတ်ခမ်းသာအစုံ ၊ မရှိ ထင်ပါ၏ ။ "

854 61 0
                                        

"ဟေး ... ဘယ်နေ့ ပြန်လာမလဲ ။
အတိအကျ ပြောတော့ ၊ ဒီမှာ မင်းကို အလုပ်တွေက အသင့်စောင့်ကြိုနေတယ် ။ ရေးထားတဲ့ စာတမ်းတွေကတော့ အဟုတ်ပဲ ၊ သိပ်ပြင်စရာ မတွေ့လို့ ၊
စာပဲ စစ်ထားလိုက်တော့တယ် ။ နင်ရောက်မှ
တင်စရာ ရှိတာတွေ ပြင်စရာရှိတာတွေ ပြန်ပြင်ကြတာပေါ့ ။ ဌာနမှုးကတော့ အတော်သဘောကျနေတယ်။ "

" ဟေး ၊ ရေလှိုင်း အမှုတွဲရော ဖတ်သေးလား ။
မနက်ဖြန်လောက် သုံးသပ်ထင်မြင်ချက်လေး ပို့ထားအုံး ။ တစ်ဖက်က ရှေ့နေ့က Lewis Macaoတဲ့ ၊ ဒီနေ့ပဲ ပါဝါယူတော့ သိလာရတယ် ။ "

Mailကို ဖွင့်လိုက်ချိန်၌ အသင့်စောင့်ကြိုနေသည့်
ဝင်စာ နှစ်ခုအား ကျွန်မ တွေ့လိုက်ရသည်။
ပထမတစ်ခုက ကျွန်မ၏ ဒီခရီးအား ရိုက်ကူးတင်ဆက်သည့် ပုံရိပ်များကို စာတမ်းအဖြစ် ပြန်လည် ပြောင်းလဲပေးပြီး မြင်သာ ၊ထင်သာ ရှိအောင် လုပ်ပေးမည့် သူတစ်ဦး ။ ဟားဗဒ် ၊စာပေတမ်းမှ လက်ချာ ဆရာတစ်ဦးလည်းဖြစ် ၊ New York Timeရဲ့ စာတည်းအဖွဲ့မှာ ပါဝင်နေသူ တစ်ဦး လည်း ဖြစ်တဲ့ ဂျော့ရ်ှမှ ပို့ထားသည် ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ခေါင်းဆောင်မှ ပို့ထားခြင်းသာ ဖြစ်သည်။ထိုနှစ်ခုထဲတွင် ကျွန်မအား မျက်ခုံးပင့်အောင် လုပ်လိုက်သည်က ဒုတိယ mail ။ ကျွန်မတို့အဖွဲ့ ပူးတွဲ လိုက်ပေးရမည့် အမှု၏ တစ်ဖက် ရှေ့နေက Lewis Macao တဲ့လေ ။ ကျွန်မ မျက်ခုံးမပင့်ရပေဘူးလား ။ သူဟာ အမေရီကား၏ ဥပဒေ လုပ်ငန်းတွင် နာမည် တစ်လုံးနှင့် နေသူဖြစ်ပြီး အရှိန်အဝါ မလျော့သည့် သူ ။ အမည်နှင့်တင် ရှိန်သွားကြသည်က ခပ်များများ ။ ထိုသူတွေထဲတွင် ကျွန်မသည်လည်း ယခု၌ ပါဝင်နေပြီဖြစ်၏။ စစ်မရောက်ခင်ထဲက တစ်ဖက်လူ၏ အမည်နှင့်တင် ကျွန်မဟာ ရှိန်ပြီး မြှားကုန်နေလေ၏။ ဤသည်တွင် ကျွန်မထံ၌ အပြုံးတစ်ခုသာ ခပ်ပါးပါး ပြုံးဖို့ ဖြစ်နိုင်တော့၏။ အမှုတွဲ အကြောင်း ကျွန်မ ပိုလေ့လာဖို့က လိုလာပြီပဲ။

ထိုနှင့် Laptopကို ဖွင့်ပြီး ကျွန်မ၏ လက်ချောင်းထိပ်များအား keyboardနှင့် ထိတွေ့လိုက်၏ ။ ပြီးနောက်တွင် ဆက်သွယ်သည့် app၏ ပို့ဆောင်မှုအောက်တွင်ရှိန်းခေါင်မှ အမေရီကား၏ ဟားဗဒ် တက္ကသိုလ် ဝန်းသို့ ပြန်စာ နှစ်စောင် ရောက်ရှိသွားလေသည်။

"မီးအိမ်ရှင်မလေး ---!" (complete)Where stories live. Discover now