Part - 1

987 34 0
                                    

( Zaw Gyi )

" မမရေ "

" မမ လို့ "

"ဟင့် မမရေ လို့ "

"အင်း လာပြီနော် ငယ်ရေ ခဏလေးပဲ ခဏပဲနော်"

ဘာတွေ ဖြစ်နေတာလဲ ဆိုတော့သူ့ ရဲ့ ငယ် လေး
အိပ်ရာ က နိုးလာတာ​လေ ၊ ထုံးစံအတိုင်း ငယ်နိုးတော့ သူ့ကို
မတွေ့လို့ လှမ်းခေါ်ပြီး ဂျီကျနေရှာတာ ဒါက ငယ်ငယ့် ရဲ့ အကျင့်တစ်ခု လိုကို ဖြစ်နေကော။

တော်သေးတာပေါ့ အခုတောင် ငယ်ငယ့် အတွက် မနက်စာ
ပြင်ပေးပြီး အပေါ်တတ်လာ လို့ ငယ်ခေါ်တာ ကြားရတာ
နို့မို့ ဆို မကြားဘူး ။ မကြားလို့ ပြန်မထူးကြည့်ပါလား
ကောက်တော် မူဦးမှာ ။

" မမ ကလဲ ကြာလိုက်တာ "

"လာပါပြီကွာ ငယ်ရယ် မမ ဒီမှာ ငယ် မနက်စာစားဖို့ပြင်​ပေး
နေတာလေကွာ "

"သိဘူး သိဘူး မမ ကို ငယ် အိပ်ရာနိုးရင် အရင်ဆုံးမြင်ချင်တာပါ
ဆို"

ဟော ပြောရင်းနဲ့ နှုတ်ခမ်းလေးဆူလာပြန်ပြီ
ငယ် ဆိုသည်မှာလဲ သူ့ကို တအားပြုစားလွန်းတယ်

"အာရီဂူး ဟုတ်ပါပြီ မမ ရဲ့ ငယ်လေးက မမကို တအားတွေလွမ်း
နေတာကို မွ... ထတော့နော် သွားမျက်နှာ သွားသစ်တော့"

ငယ့် ကို တအားအသဲယားလာတာကြောင့် ငယ့်ပါး လေးကို
နမ်းပြီးပြောလိုက်​တော့ ငယ်ကလည်း

"ဟီးးး အဲ့ကြောင့် မမ ကိုချစ်နေရတာ ချစ်တယ်​နော် မွမွမွ"

ကြည့် ချစ်တယ်ဆိုပြီးတော့ တမွမွထဲ မွနေတော့တာပဲ
ငယ် က အဲ့လိုပဲ ငချွဲ လေး။

"ငယ်ရေ ရေချိုးလာရင်လဲ ခေါင်းမလျှော်ခဲ့နဲ့ဦးနော် မိုးအေးကအေးနဲ့
အခုမှ အစောကြီးရှိသေးတယ် "

မျက်နှာသစ်ခိုင်းလိုက်တာပေမဲ့ မနက်အ​စော ဆို မျက်နှာသစ်ရင်း
ရေတစ်ခါထည်း ချိုးတတ်တဲ့ ငယ့် အကျင့်ကိုသိတာ​ကြောင့်
လှမ်းအော်ရသေးတယ် တစ်ခါတစ်လေဆို ခေါင်းပါစ လျှော်ချ
လာတာ အခုက မိုးကလဲအေး ငယ့် ဆံပင်ကလဲ ခါးထိအောင်ရှည်
တာ ဆိုတော့ မခြောက်မှာဆိုးရတယ် Dryer နဲ့ မှုတ်ပေးရင်
ရပေမဲ့ ငယ့် ဆံသားနုနုလေးတွေ ပြတ်စီးမှာဆိုးလို့
ကိုယ်တိုင်ပဲ ဆံပင် ခြောက်အောင် သုတ်ပေးတာ
ဒီနေ့တော့ အလုပ်ကလဲ နောက်ကျ နေလို့ရယ်

မမ ရဲ့ ငယ်>Completed<Where stories live. Discover now