~~~ မမ ရဲ့ ငယ် ~~~
~~~ Special Extra ~~~
~~~ ရက်ကို လစား လကို နှစ်စား ၍
ပန်းခတ်ဆူး နဲ့ မှုံနံ့သာ ရဲ အိမ်ထောင်သက်တမ်းဟာဖြင့်
တစ်နှစ်ကျော်လို့ နှစ်နှစ်ကျော်ထဲတောင်ရောက်ခဲ့လေပြီ ~~~" မကြီးခတ်ရေ ဒီမှာ မှုံ သရက်သီးသုပ်တွေစားနေတယ် "
" ဟာ... ရွှန်းရွှန်း "
" မကြီးရေ မြန်မြန်လာနော် ရွှန်းတားတာလဲ မရဘူး ၊
ရွှန်း Company သွားပြီမကြီးရေ "အောက်ထပ်က ညီမလေး အော်သံကြားတာနဲ့
ငယ်ဆေးသောက်ဖို့ ဆေးသွားယူတဲ့ ခတ် အမြန်ပြေးဆင်း
လာခဲ့ရတယ်" ငယ်ကွာ အစပ်တွေ စားလို့ မရဘူးလေ "
" ငရုပ်သီးတွေအများကြီးပဲ...ကျစ် "
ငယ်စားနေတဲ့ သရက်သီးသုပ် ပန်းကန်ကို
ယူကြည့်လိုက်တော့
ငရုပ်သီးတွေ နည်းတာမဟုတ်" ဘာလဲ မမ က ငယ့်ကို ငြိုငြင်တာလား "
" မဟုတ်ဘူးလေကွာ "
" ဟုတ်ပါတယ် မမ ငယ့်ကို စိတ်မရှည်တော့ဘူး
ငယ့် ကို မချစ်တော့ပါဘူး... ဟင့် "" မဟုတ်ဘူးလေ ငယ်ရယ် ၊ မငိုပါနဲ့ ကွာ တိတ် တိတ် ၊
မမ ပြောတာက ပိစိလေး ရှိနေတယ်လေ ငယ်ရယ် ၊
အဲ့တော့ ငယ် အစပ်စားလို့မရဘူးလေ "" ဟင့် တဂယ်လား "
" တကယ်ပေါ့ ငယ် ရဲ့ "
" ပြီးကော အဲ့ဆို ငယ် ပူတင်း စားချင်တယ် ၊
မမ လုပ်ပေးနော် "" လုပ်ပေးမယ်နော် ငယ်က ငြိမ်ငြိမ်လေး
ထိုင်နေဟုတ်ပြီလား ၊ ပြီးရင် ဆေးသောက်ရမယ်
လောလောဆယ်က အချဉ်စား
ထားတော့ ဆေးသောက်လို့ မရသေးဘူး "" ဟုတ် "
ထမင်းစား စားပွဲမှာ ထိုင်နေတဲ့ ငယ့်ခေါင်းလေးကို
ပုတ်ပေးပြီး ပူတင်းလုပ်ဖို့ စရတော့တယ် ။အင်း အခုဆိုရင် ငယ့်မှာ ခတ်နဲ့ငယ်ရဲ့ ရင်သွေးလေးကို
လွယ်ထားရပြီလေ ၈လ ထဲတောင် ရောက်ကောပေါ့
ခတ် တို့ ပြန်အဆင်ပြေပြီး ခတ် လုပ်ငန်းတွေကို
ဝိုင်းကူပေးတယ်
အဲ့နောက် ခတ်တို့ လက်ထပ်တာ ၂နှစ်ပြည့်တဲ့နေ့မှာ
ငယ်က ခတ်ကို လက်ဆောင်အနေနဲ့ ပိစိလေးကို
ပေးခဲ့တယ် ။ ခတ်က ယောကျာ်း လေး ဟော်မုန်းများတာ
မို့ သိပ်တော့ အခတ်ခဲမရှိ ဆရာဝန်ညွှန်ကြားချက်အတိုင်း
ငယ်က ဆေးတွေသောက်ပြီး နောက်ကျ
ပိစိလေး ရောက်လာ တော့တာပဲ ။
ŞİMDİ OKUDUĞUN
မမ ရဲ့ ငယ်>Completed<
Kurgu Olmayan" အရမ်း ချစ်ရ မြတ်နိုးရပါတယ် ငယ်ရယ် " # ပန်းခတ်ဆူး " ငယ် လဲ မမ ကိုအရမ်း ချစ်တာ အားကြီး ချစ်တာ ငယ့်မှာ ချစ်စရာဆိုလို့ မမ ပဲ ရှိတာ " # မှုံနံသာ * ပထမ ဆုံး GL ကိုရေး ချင်း အမှားပါခဲ့သည်ရှိသော ခွင့်လွှတ်ပေးကျပါနော် ၊ စာရေးသူမှ 🙆♂️💙 Starting Date -17...