Part - 17

298 20 4
                                    


( Zaw Gyi )

" အကို ငယ် ဘာပြောလဲဟင် "

" ဘာမှမပြောဘူး ညီမရဲ့ ၊ ညီမ အိမ်ပြန်​ရောက်ပြီးလို့ အပြင်
ခဏ ပြန်ထွက်သွားတယ် လို့ပဲ ပြောတာ "

" ဟုတ်လား အဲ့ဆို ငယ်လာပါ့မလား အကို ၊
ငယ် မလာရင် ဘယ်လိုလုပ်မလဲ "

" စိတ်မပူပါနဲ့ မီးမီးလောက်သဝန်တိုတာ မီးမီးပဲရှိတယ် ၊
လာလိမ့်မယ် "

" ဟုတ်အကို ခတ်ကို ကူညီပေးလို့ ကျေးဇူးပါနော် "

" ရပါတယ် ညီမခတ်ရဲ့ ၊ အကိုတို့ ဆိုင်အနောက်မှာ
နေနေမယ်နော် မီးမီး ရောက်မှ ထွက်လာခဲ့မယ် "

" ဟုတ်အကို "

ခတ် တအား စိတ်လှုပ်ရှားနေတာ ဒီနေ့က ခတ် နဲ့ ငယ်ရဲ့
3rd years Anni နေ့​လေ မြန်လိုက်တာနော်
မနေ့တနေ့ကလိုပဲ

(မြန်မှာ​ပေါ့ ကိုယ်ကျော်ချ လိုက်တာကို😂)

ခတ် ငယ့်ကို Suprise အကြီးကြီး လုပ်မှာမို့လို့
အရင် အပတ်​လောက်ထဲ က ကြိုစီစဉ်​နေရတာ
ငယ် မေးရင်တော့ မေသံစဉ် ဆီသွားမယ်လို့ ဖြေပြီး
ခတ်ကတော့ အခုလို ဆိုင်တွေ သေချာ ကြိုတင်ပြီး
ငှါးထားရတာ တစ်ဆိုင်လုံးကိုပေါ့
ငယ်လိုက်မဲ့ နေ့ဆိုရင်တော့ မေသံစဉ်ဆီမှာ နေရတာပေါ့
မေသံစဉ် ဆီသွားမယ်လို့ ပြောသွားတာကလဲ
ငယ် တမင် သဝန်တိုအောင်လို့
သူလေးက အခုမှ သည်းခံ အားတွေကောင်းနေလိုက်တာများ
သဝန်တိုရင် တိုတယ်ပေါ့ ပြောတော့ ဘာဖြစ်မှာမို့လို့လဲ
ခတ် သိတာပေါ့ ငယ် ခတ်​မေသံစဉ် ဆီ
ခဏခဏ သွားနေတာကို မကြိုက်ဘူးဆိုတာ
တကယ်လဲ ခဏခဏမသွားပါဘူး

ဒါပေမဲ့ သဝန်တိုတာကို ထုတ်မပြလို့
တမင်ကို​​ပြောသွားတာ
မနက်ကလဲ ကြည့်လေ TVကြီး ဖွင့်ထားပြီးတော့
လာနေတာက ဟာသကား ငယ့် ကြည့်တော့
မှိုင်​တွေ နေတာပဲ ခတ် သိတာပေါ့ သိလို့ပဲ
အပြင်လိုက်ပို့မယ်​ပြောတော့
ချက်ခြင်းကို ပျော်သွားလိုက်တာများ ပြောမနေနဲ့တော့
ကိုယ်ကလဲ သူလေး​ပျော်တာကိုပဲ အမြဲမြင်ချင်တာ
ဒါပေမဲ့လဲ ​ခတ်အစီစဉ်က ပျတ်လို့ မဖြစ်ဘူး
အဲ့တော့ အစီစဉ် အတိုင်းပဲ ဆက်သွားလိုက်တော့တယ်
သေချာပေါက် ငယ်ပျော်ရမှာပါ ~~~

မမ ရဲ့ ငယ်>Completed<Where stories live. Discover now