Part - 4

315 19 0
                                    

( Zaw Gyi )

" ငယ်ရေ "

" နေ့လည် ကျရင် ထမင်းသေချာစားနော် ၊ ခြံထဲလဲမဆင်းနဲ့
မိုးရွာထားတော့ ရေတွေနဲ့ ချောနေမယ် ၊ ခေါက်ဆွဲပြုတ်စားရင်
စား Spicy တို့ ၊ ရှောက်သီး သုပ်စပ်စပ်တွေ မစားနဲ့နော်
ပြီးတော့..."

" ငယ်သိပါပြီ မမ ရယ် ၊ ငယ်တောင် အလွတ်ရနေပြီ၊
မမ နေ့တိုင်းပြောနေကြပဲဟာကို ဟွန့် "

" ပြောမှရမယ်လေ ပြီးကျ ငယ်က မမ မရှိဘူးဆိုပြီး
စားချင်ရာစား လုပ်ချင်ရာ လုပ်နေတော့မှာ ၊ ငယ်ထမင်းစား
ရမယ်နော် မမ ဟိုကောင်မလေးတွေကို ဖုန်းဆက်မေးမှာ "

" ဟုတ်ပါပြီ ငယ် မမ ပြောသလိုပဲနေမှာနော် ၊ ထမင်းလဲ
စား မယ် ဟုတ်ပြီလား "

" အင်းပါငယ်ရယ် လာ မမ ကို အားဆေးလေးပေးပါဦး "

ဆိုပြီး နှုတ်ခမ်းကြီး ဆူပေးနေတဲ့ ပန်းခတ်ဆူးရယ်ပါ

" ခစ်... မမ ကတော့လေ ၊ မွ မွ ၊ ကျေနပ်ပြီလား "

" အား အခုမှပဲ အားရှိသွားတော့တယ် ၊ မွ ငယ် မမသွားတော့မယ်"

" ဟုတ်မမ ၊ သေချာဂရုစိုက်သွားနော် တာ့တာ "

အိပ်ပေါက်ဝကနေ ပြီး သူ့ကားလေးအ​ဝေး​​​ရောက်သွားတဲ့အထိတာ့တာ ပြနေတဲ့ ငယ့် ကိုကြည့်ပြီးပြုံးမိတယ်
ငယ်က မမရဲ့အားဆေးလေး ၊ ချစ်လိုက်ရတာ ငယ်ရယ်...

.......................................

" အင်း မမလဲ ကုမ္ပဏီ သွားပြီဆိုတော့ ငါလဲ အလုပ်လုပ်
ရတော့မှာပေါ့ "

အလုပ်ဆိုလို့ အထင်မကြီးလိုက်နဲ့ဦး TV ရှေ့သွားပြီးတော့
မုန့်ဘူးတွေချ ၊ ပဲနို့ ဘူးတွေ ချပြီး အကြိုက်ဆုံး Cinderella
ကားကို ဖွင့်ပြီး ကြည့်ဖို့ ခေါင်းဦးတွေယူ ပြီး ဆိုဖာပေါ်မှာ
သေချာ အိပ်ပြီး TVကြည့်ဖို့ အလုပ်ကိုပြောတာ

( အော် 🤣🤣 )

Cinderella ကားဆို ဟိုးငယ်ငယ်က​လေးက​နေအခုထိ
ကြည့်နေလို့ ဇာတ်ကားထဲက စာသား​တွေ​တောင် အလွတ်ရနေပြီကြည့်စရာ ကလဲ ဒါပဲရှိတာကို Snow White ကျတော့လဲမကြည့်ချင် Cinderella ကားပြီးရင်တော့ Animeတွေ ထိုင်ကြည့်ဖို့သာတွေးလိုက်တော့တယ်...

မမ ရဲ့ ငယ်>Completed<Tempat cerita menjadi hidup. Temukan sekarang