Part - 2

477 27 0
                                    

( Zaw Gyi )

ညနေ ၅ နာရီခွဲ အချိန်
ကားလမ်းမ ပေါ်မှာ ကားလေးတစ်စီးဟာ
အရှိန်တရွေ့ရွေ့ဖြင့်ရွေ့လျှား လို့နေတယ် ၊
တရွေ့ရွေ့ပဲ မောင်းနှင်နေရတဲ့ အကြောင့်
ကတော့ သူ့ရဲ့ ငယ်ငယ်က ကားပေါ်မှာ အိပ်ပြီး
လိုက်ပါ လာလို့တဲ့လေ ၊ ပန်းခတ်ဆူးတို့များ
အဖြစ်သည်းလေခြင်း

နေ့လယ်က ငယ် ရုံးခန်းထဲမှာ ငိုရတာမောသွားလို့ထင်
မမ ငယ် ဗိုက်ဆာပြီတဲ့လေ အစားပုတ်ကလေးက
ထပ်စ ရင်လဲ ပြန်ငိုမှာ ဆိုးတာကြောင့် ကုမ္ပဏီ ကန်တင်းမှာ
မစား ပဲ အပြင်မှာပဲ အတူတူ နေ့လယ်စာ ထွက်စား
လိုက်ရသလို ၊

နေ့လယ် စာစားပြီးပြန်လာတော့လဲ မမရေ ငယ်ဗိုက်လေး
နေလို့ အိပ်လိုက်ဦးမယ် နော် ဆိုပြီး အိပ်လိုက်တာ
အခုပြန်ခါနီး​တောင် မနည်းနှိုးလာခဲ့ရတယ် ၊ ဒါတောင်အခု
အိပ်ပြန်တဲ့ ကားပေါ်မှာ မရရအောင် အိပ်ပြီး လိုက်လာ
သေးတာ တကယ် အအိပ်နဲ့ အစား ပုတ်ကလေး...

ငယ် နဲ့ အရင် တုန်းက အကြောင်းတွေတောင်
ပြန်သတိရမိတယ်

အဲ့တုန်းက သူက Final တတ်နေတာ ငယ်က
First Year ပဲရှိသေး major / Uniတူပေမဲ့
တစ်ခါမှ​တောင်မတွေ့ဖြစ်ကျဘူး ၊ မတွေ့ဆို
ကိုယ်ကလည်း အတန်းတတ်
အတန်းပြီးတာနဲ့ တန်းပြန် ခဏ တဖြုတ်နားတဲ့အချိန်
ကလေးတောင် သီချင်းနား​ထောင်ရင် ထောင်နေ
မထောင်ရင် စာ ပဲ လုပ်နေခဲ့တာကို...
တွေ့မယ့် တွေ့တော့လဲ ငယ်
နေမ​ကောင်းလို့ ကျောင်းမတတ်ဖြစ်တဲ့ နေ့မှတွေ့ခဲ့တာ
အဲ့နေ့က သူက ကျောင်းကပြန်လာတာ အိမ်က ကားက
လာမကြိုဘူးလေ အဲ့​တော့ လိုင်းကားစီးရတော့တာပေါ့ ၊
ပြီးကျ မှတ်တိုင်ကဆင်းပြီး အိမ်ကို လမ်းလျှောက်ပြန်တာပေါ့

အဲ့မှာ ငယ်က စက်ဘီးစီးနေတာ အဆိုး​လေးက
အရင်ကတည်းက ဆိုးတာ နေမကောင်းလို့
ကျောင်းမသွားရတာ​တောင် စက်ဘီး
ပတ်စီးနေသေးတာ ဒါပေမဲ့ သူနဲ့တွေ့တော့ ငယ်က
စက်ဘီးက​လေး ကိုင်ပြီး မတ်တပ်ရပ်နေတာ
ငယ့်သူငယ်ချင်းကိုစောင့်နေတာ
ထင်တယ် ငယ့်သူငယ်ချင်းက သူတို့လမ်းထဲနေပုံရတယ်
ငယ်က လမ်းထိပ်က စောင့်နေတာပေါ့ ဖြစ်ချင်တော့ သူက
လည်း လမ်းလျှောက်လာတာ အနောက်က
ကားအသံကြားလို့ လှည့် ကြည့် မိကော အ​နောက်က​တော့ ကားတစ်စီးမှမ​တွေ့ဘူး
အရှေ့မှာ ရပ်နေတဲ့ ငယ့်ကို ဝင်တိုက်မိ​ကောပဲ ဟက်

မမ ရဲ့ ငယ်>Completed<Where stories live. Discover now