Part - 13

262 15 0
                                    


( Zaw gyi )

Flesh back...

သူ(မ)နဲ့ ခတ်နဲ့ စသိတုန်းက ခတ်က First Year
တတ်နေတာ​ပေါ့ ကျောင်းစစတတ်ခြင်းဆိုတော့
အဖော်လဲ မရှိဘူး မိုးသက်နဲ့ကလဲ major မတူဘူးလေ

အဖော်မရှိလဲ ခတ် အတွက် အရေးမကြီး
ဒါပေမဲ့ ခတ်ကို အရေးတယူ လုပ်ပြီး စကားလာပြောတာ
သူ(မ)ပေါ့ နေ့တိုင်းနီးပါး ခတ်နဲ့ မေသံစဉ်နဲ့ စကားတွေ
ပြောဖြစ်ကျ စာအကြောင်းတွေ ဆွေးနွေးကျနဲ့
ပိတ်ရက်ကျရင်လဲ
လျှောက်လည်တာတွေ ရှိခဲ့တယ် နှစ်ယောက်ထဲပေါ့

ငယ်ငယ်ကတည်းက ခတ်က ကိုယ့်ကိုကိုယ်
ဘာလဲ ဆိုတာ သိထားတယ်လေ ပြီးတော့
မေသံစဉ်အ​ပေါ် စိတ်ဝင်စားခဲ့တယ်
အဲ့အကြောင်းကို မိုးသက်လဲ သိခဲ့တယ် ခတ်ရင်ဖွင့်ခဲ့တာပေါ့

အဲ့လိုနဲ့ပဲ ဖွင့်ပြောပြီး မေသံစဉ် ဘက်ကလဲ ခတ်ကို
ချစ်တယ်ဆိုတော့ တွဲဖြစ်ခဲ့ကျတယ်
မေမေ ပါစ သိသွားသလို ညီမလေး ရွှေစင်ပါစ
သိသွားတယ် မိုးသက်ကောပေါ့ ခတ်နဲ့မေသံစဉ်နဲ့ချစ်သူတွေ
ဆိုတာကို ညီမလေး ရွှန်းရွှန်းတော့ မသိခဲ့ဘူး ဘာလို့ဆို
အဲ့တုန်းက ညီမလေးက ခတ်တို့ဦးလေး
အိမ်မှာ နေနေတာမို့လို့

ခတ်နဲ့မေသံစဉ်နဲ့ အကြောင်း ကို တစ်ခန်းလုံးနီးပါး
သိကြတယ် နောက်တော့
မိန်းကလေးအချင်းချင်းတွဲတာဆိုတော့
လက်မခံနိုင်တဲ့ သူတွေက စကားကို ခတ်တို့ မကြားကြား
အောင် ပြောလာကြတယ် ဒါလဲ ခတ်ဂရုမစိုက်ပါဘူး

ဒါပေမဲ့ 2nd year လဲကျ မေသံစဉ်ဘက်က
အချိုးတွေ စပြောင်းလာတယ် ခါတိုင်း
ကျောင်းပိတ်ရက်တွေ့နေကျဆို
မအားလို့ ဆိုပြီး ရှောင်လာသလို ဖုန်းပြောဖို့ကိုလဲ
စာလုပ်နေလို့ ဆိုပြီး ငြင်းဆန်လာတယ်
နောက်တော့ ခတ် မေသံစဉ်ဆီက
မထင်မှတ်ထားတဲ့ စကားကြားလိုက်ရတယ်
သူ(မ)က ခတ်နဲ့ တွဲရတာကို ရှက်တယ်တဲ့လေ
မိန်းကလေးအချင်းချင်းဆိုတော့ လူပုံအလယ်လဲ
ချမပြရဲဘူးတဲ့
သူ(မ)ဒယ်ဒီ ကလဲ သဘောမတူဘူးတဲ့

သူ(မ)ဒယ်ဒီ သဘောမတူရင် ခတ်က
သဘောမတူတူအောင် ကြိုးစားပေးလို့ရပါသေးသည်
အခုက သူ(မ)က ခတ်နဲ့ တွဲတာကို ရှက်ပါတယ်တဲ့
ဆိုလိုတာက ခတ်တို့ အချစ်က
ရှက်စရာကြီးပေါ့ ခတ်က လူပုံအလယ် ရဲရဲဝံ့ဝံ့
မတွဲနိုင်လောက် အောင် ခတ်တို့ အချစ်က
မှားယွင်းနေတယ်ပေါ့
မိန်းကလေးချင်းပဲချစ်ချစ် / ယောက်ကျားလေးချင်းပဲချစ်ချစ် /
ယောက်ကျားလေးနဲ့မိန်းကလေးပဲချစ်ချစ်
လူလူချင်း ချစ်မိတာပဲ လေ ရှက်စရာရယ် အပြစ်ရယ်
မှားယွင်းနေတယ် လို့ရယ်မှ မရှိပဲ
အဲ့လို သူ(မ)​တွေးမိရင်လဲ ဘာလို့ခတ်နဲ့တွဲ​သေးလဲ
သူ(မ)အစကတည်း အဲ့အရာတွေကို ကြိုတွေးထားရမှာ
မဟုတ်လား

မမ ရဲ့ ငယ်>Completed<Dove le storie prendono vita. Scoprilo ora