💕 Extra 💕

463 15 0
                                    

" မမ ရဲ့ ငယ် " Extra 💕

( Zaw Gyi )

အခုဆိုရင်တော့ ခတ် နဲ့ မှုံ အိမ်ထောင်ကျတာ
1နှစ်ကျော်ကျော်တောင် ကြာခဲ့ပြီ ပြောရရင်​တော့
2နှစ်တောင် ပြည့်တော့မှာပေါ့

ခတ် မှုံ နဲ့ လက်ထပ်ပြီးနောက်ပိုင်း PM Company
ကြီးကို ခတ်ပဲဦးစီးဦးဆောင် လုပ်ခဲ့ရတယ်
ခတ်မေမေက ခတ်ကို ဥက္ကဋ္ဌ ရာထူးလွှဲပြောင်းပေး
ပြီးတော့ ဖေဖေနဲ့အတူ ပြင်သစ်ကို ပြန်လိုက်သွားခဲ့တယ်
ရွှန်းရွှန်း ကတော့ ဒီမှာ​နေခဲ့ပြီး
မှုံ ရယ် ၊ ရွှေစင်ရယ် နဲ့အတူ OS တစ်ခုကိုတူတူလုပ်
နေ​လေရဲ့ အဓိက လုပ်တာကတော့ မှုံနဲ့ ရွှေစင်ပေါ့
ရွှန်းရွှန်းက သင်တန်းတွေလဲ တတ်မှာဆိုတော့ သိပ်ပြီး
OSကို အချိန်မပေးနိုင်ဘူး ​ရွှန်းရွှန်းကိုလဲ အိမ်မှာ
တစ်ယောက်ထဲစိတ်မချတာကြောင့် ခတ်နဲ့ငယ် အတူနေတဲ့
အိမ်မှာပဲ ခေါ်ထားလိုက်တယ်

ခတ်လဲ ဥက္ကဋ္ဌ ဆိုတဲ့ ရာထူးနဲ့အညီ
အလုပ်တွေကပိုတောင်များ
လာတယ် အရင်ကလောက် ငယ့်အပေါ်မှာတောင်
အချိန်သိပ်မပေးဖြစ် ၊ ငယ်ကလဲ နားလည်ပေးရှာပါတယ်

" မမ ရေ ငယ်မနက်စာ ပြင်ပြီးပြီ ၊ စားသွားလိုက်နော် "

" လာပြီငယ်ရေ "

ဒါကတော့ မနက်တိုင်းကြား​နေကျ အသံတွေ​ပေါ့
ကြီးမြင့်က ရွာမှာကျန်ခဲ့တဲ့ ကြီးမြင့် အဖေ နေမကောင်းလို့
ရွာကို နှစ်လ​လောက် ခွင့်ယူကာပြန်သွားတယ်
စနိုးတို့ ဦးလေးလှတို့ကော ပါသွားတာပေါ့
မှုံတို့လဲ ကြီးမြင့် အဖေသက်သာမှသာ ပြန်ခဲ့ပါဆိုပြီးမှာ
ပြီးတော့ လိုအပ်တဲ့ငွေကြေး​တွေပါစ တစ်ခါထည်းထောက်ပံ့
ပေးလိုက်သေးတယ် ၊ အဲ့တော့ အခုအိမ်မှာက
ခတ် ရယ် မှုံရယ် ရွှန်းရွှန်းရယ် သုံးယောက်ပေါ့
ကြီးမြင့် မရှိတော့ မှုံပဲ အိမ်မှုကိစ္စ​တွေ လုပ်ရတော့တယ်
ဟိုအကူ​ကောင်မလေးတွေလဲ မှုံနဲ့ခတ်
လက်ထပ်ပြီးကတည်းက အိမ်မှာ လုပ်ဖို့ မငှါးတော့

" မမ ငယ် ထမင်းချိုင့်ပါ တစ်ခါထည်း ထည့်ပေးထားတယ်
သိလား ၊ ရုံးကန်တင်းက စားလို့ရတယ်ဆို​ပေမဲ့ ၊
ငယ် ချက်ထားတာ​လေး စားစေချင်လို့ "

မမ ရဲ့ ငယ်>Completed<Where stories live. Discover now