Part - 10

285 16 0
                                    


( Zaw Gyi )

ကားမောင်းနေရင်း ခတ် စဉ်းစားနေမိသည်
ဘာလို့လဲ ကံကြမ္မာက ဘာလို့ သူမ နဲ့ ခတ်ကို
ပြန်ဆုံပေးနေတာလဲ
ဖေဖေ့ သူငယ်ချင်းရဲ့ သမီးက​ကော ဘာလို့ သူမ
ဖြစ်နေရတာလဲ တော်ရုံပဲ လှည့်စားစမ်းပါ ကံကြမ္မာရယ်...

ဒီလိုနဲ့ ကားလေးက တိတ်ဆိတ်စွာနဲ့ပဲ
အိမ်သို့ရောက်ရှိလာ​တော့သည် ။

" သမီးမှုံရေ အရှေ့မှာ ကားသံကြားတယ် ၊ သမီး
မမ တို့ ပြန်လာပြီထင်တယ် သွားကြိုရအောင်သမီးရေ "

" ဟုတ် မေမေ "

" မာမီ ရေ ၊ မာမီ "

" လာပါပြီရှင့် "

" မာမီ ကို ရွှန်း တအားလွမ်းနေတာ သိရဲ့လား မာမီရဲ့ "

" မာမီ့ သမီးလေးကိုလဲ မာမီ က လွမ်းတာပေါ့ကွယ် "

" အဲ့ဆို ဒယ်ဒီ့ ကိုကော မလွမ်းဘူးလား ဟိ "

" ကဲ ဒီကလေးကတော့ နောက်တီး နောက်တောက်နဲ့ "

" အထဲရောက်မှ ဆက်ပြောကြမယ် လေ မာမီရဲ့
အခု က အိမ်ပေါက်ဝကြီးမှာ "

" ဟုတ်သားပဲ ၊ မာမီက သမီး အကြိုက်တွေကြီးပဲချက်ထား
တာ စားရင်း သောက်ရင်းပြောကြတာပေါ့ "

" ဟုတ် မာမီ ၊ အဲ အမသံစဉ် လာလေ "

" အော် ဧည်သည် ပါလာတာပဲ ၊ လာကြ လာ
ထမင်း အရင်စားကြမယ် သမီးတို့လဲ ဗိုက်ဆာနေကောပေါ့ "

" မာမီ့ လက်ရာဆို ရွှန်းတအားကြိုက်တာ ဟီး "
မေမေ့ ကို ဖက်ပြီး အိမ်ထဲဝင်သွားတဲ့ ညီမလေးနောက်က
နေပြီး သူမလဲ လိုက်သွားသည် ။

ခတ်ကတော့ ညီမလေး Luggage ကိုသယ်နေပြီးတော့
ဖိုးထူးကိုတော့ သူမ Luggage ကို သယ်ခိုင်းလိုက်သည် ။

" မမ လာ ငယ်တို့လဲ ဝင်ကြမယ်လေ ၊ ငယ်
ကူသယ်ပေးရ ဦးမလား "

" ရပါတယ်ငယ်ရယ် ၊ ငယ်လဲ ဗိုက်ဆာကောပေါ့
သွားကြမယ် "

ထမင်းစားဝိုင်းမှာ ဆူညံနေတာကတော့ ရွှန်းရွှန်း
ကြောင့်ပင် ၊ တအားစကားများတဲ့ ကောင်မလေး
နောက်ကျ ဧည့်ခန်းထဲမှာ ထိုင်ကာ သစ်သီးစားရင်း
စကားစမည် ပြောနေကြတယ်

မမ ရဲ့ ငယ်>Completed<Where stories live. Discover now