Part - 6

334 14 0
                                    

( Zaw Gyi )

" အွန်း...မ...မမ... အောက်မှာ...ကို...ကိုတို့ရှိတယ်... "
ဆိုပြီး ခတ်ပုခုံးကို အတင်းတွန်းလာလေရဲ့

" ရှိပစေ လေ ငယ်ရယ် ၊ "

" အင့်... မမကလဲ...ငယ်...ငယ်ရေမချိုးရသေးဘူး "

" ရေချိုးတာ မချိုးတာက အရေးမကြီးပါဘူး ငယ်ရဲ့
အရေးကြီးတာက ... "

" ဘာ... ဘာလဲ "

" ချိုတယ် "

" ဟမ်? "

" ချိုတယ်လို့ ၊ ငယ့် နှုတ်ခမ်းက ချိုနေတာပဲ "

" ဟာ မမ နော် "
ခတ်​ပြောလိုက်​တော့ မျက်နှာချင်းဆိုင်နေနေရာကနေ မျက်နှာလွှဲ
သွားတဲ့ ငယ်
ငယ့်မျက်နှာလေးကို ပြန်ဆွဲယူလိုက်ပြီး

" မမက မှန်တာပြောတာပဲကို ၊ ငယ့်နှုတ်ခမ်း​လေးက တအားချိုတာ
အိအိလေးရယ် ၊ ပြောရင်းနဲ့တောင် နမ်းချင်လာပြီကွာ မွ "

" အင့်ဟာ ၊ မမ ကတော့လေ တကယ်ပါပဲ "
ပါးဖောင်းဖောင်းလေး နှစ်ဖက် သာမက မျက်နှာပြင်
တစ်ခုလုံးပါ နီရဲ နေတဲ့ငယ်

" ငယ် ရှက်နေတာလား ဟမ် "
ငယ့်မျက်နှာကို သူပြုံးစိစိဖြင့် ကြည့်ရင်း ဆိုလိုက်တယ်

" မ...မရှက်ပါဘူး ၊ ဘယ်မှာရှက်လို့လဲ "
ပြောရင်း မျက်နှာတစ်ခုလုံး ရဲပလောင်းခက်လာပြီ

" အဲ့ဆို မရှက်ဘူးပေါ့... မျက်နှာက ဘာလို့ နီနေရတာတုန်း
ဟားဟား "

" မမနော် လိုက်စမနေနဲ့တော့ ၊ ငယ်ရေချိုးတော့မယ်
ပြီးကျ ငယ့်ကို ချော့သိပ်နော် "

" အင်းပါငယ်ရဲ့ ၊ မမတို့ တူတူချိုးကြမလား "

" မမ "
လက်ထဲက ခေါင်းဦးနဲ့ ကောက်ပေါက်လိုက်တဲ့ငယ်
ခတ် အရှောင် မြန်လို့ပေါ့
" ဟဲဟဲ မမ က စတာပါ ငယ်ရဲ့ "

" ငယ် ရေအကြာကြီး မချိုးနဲ့နော် ၊ မိုးချုပ်နေပြီ ပြီးရင်
မမ လဲ ချိုးမှာ "

" ဟုတ်မမ "

........................................

" ကဲ လာ ငယ် မမတို့ အိပ်ကြမယ် "

pajamas ဝတ်စုံ အဝါရောင်ကိုမှ ဝက်ဝံ ပုံအရုပ်ကလေး
နဲ့ ငယ် က ပိုပြီး ချစ်စရာကောင်းသွားပြီး ဖြူဥနေတဲ့
ငယ့် အသားရောင်လေးနဲ့ တကယ့်ကို မွေးကင်းစ
ကလေးလေးကျ လက်ထဲမှာလဲ ခတ် မနှစ်က မွေးနေ့
လက်ဆောင်ပေးထားတဲ့ ဝက်ဝံရုပ် အကြီးကြီး ပိုက်ထား
လေရဲ့

မမ ရဲ့ ငယ်>Completed<Tahanan ng mga kuwento. Tumuklas ngayon