Part - 11

248 18 2
                                    


( Zaw Gyi )

" ဒီနေ့ meeting ခေါ်ရတဲ့ အကြောင်းကတော့
ခတ်တို့ အသစ်လုပ်မဲ့ project ကိစ္စ နဲ့ပတ်သတ်ပြီး
တောပေါ့နော် ၊ အဲ့ project ထဲမှာ Design နဲ့
ပတ်သတ်ပြီးတော့ ကျွမ်းကျင်တဲ့ လူတစ်ယောက်လို
နေတာကိုလဲ အားလုံး သိပြီးသားဖြစ်ပါလိမ့်မယ် "

ခတ်ပြောသမျှစကားကို အစည်း​ဝေးခန်းထဲရှိလူ
များအားလုံးက သေချာနား​ထောင်​နေကြတယ်

" အခု Design ဘက်မှာ လုပ်မဲ့ သူ ဟို
တနေ့က ပြင်သစ်ကနေ ရောက်လာတယ် ၊ အခုအားလုံး
နဲ့  မိတ်ဆက်​ပေးမယ် နာမည် က မေသံစဉ်တဲ့
မေသံစဉ် မိတ်ဆက်လိုက်ပါဦး "

" ဟုတ် ၊ အမ နာမည်က မေသံစဉ်ပါ
ပြင်သစ်ကနေလာတာပါ
အမ ဒယ်ဒီ ကလဲ ဒီကုမ္ပဏီရဲ့ ရှယ်ယာ ရှင်တစ်ဦးပေါ့ ၊
အမ က Design ဘက်မှာ တာဝန်ယူရမှာဖြစ်လို့
Design ဘက်ကအဖွဲ့သားတွေနဲ့ ပိုပြီးရင်းနှီးချင်ပါတယ်
မသိတာရှိရင်လဲ သင်ပြပေးပါဦးနော် "

မေသံစဉ် ရဲ့ အပြုံးချိုချို​လေးနဲ့ မိတ်ဆက်သံ အဆုံး
ဝန်ထမ်းတွေရဲ့ စကားသံတွေ ထွက်လာတော့တယ်

" ကဲကဲ ပြောတာ မပြီးသေးဘူး အဲ့တော့ အခု
Project ကို ဘယ်နှစ်လ လောက်နဲ့ အပြီးသတ်×××××
××××××××××××××× "
(အလုပ်ကိစ္စ နဲ့ပတ်သတ်တာပြောနေတယ်လို့
မှတ်ပေးပါ😆)

" အဲ့ဆို ဒီနေ့ အစည်း​ဝေးက ဒီလောက်ပါပဲ "
ခတ် အစည်းဝေးခန်းထဲက အရင်ဦးဆုံး ထွက်လာလိုက်
တယ် ၊ အနောက်ကနေ ခတ်ဆီကို ပြေးလာနေတဲ့
ဒေါက်ဖိနပ် အသံကိုလဲ ကြားရတယ်

" ပန်းခတ်ဆူး "

" ပန်းခတ်ဆူး ၊ ခဏ ခဏလေး နေပါဦး "

ကျစ် အာရုံလာ​နောက်​နေပြီကွာ ၊

" ဘာလဲ ၊ ငါမအားဘူး ၊ မင်းလဲ
မင်းDesign ဌာနဘက်ကို
အရင်သွားရင်ကောင်းမယ် ထင်တယ် ဒီနေ့မှ
အလုပ်စဝင်တာ မလား "

" မောင် က တို့ကို စိတ်ပူပေးနေတာလား "

" တောက်စ်...မင်း "
ခတ် တောက်ခေါက် သံကြောင့် ဖြတ်သွားဖြတ်လာ ဝန်ထမ်း
တစ်ချို့ လှည့်ကြည့်သွားကြသည် ။ ခတ်နဲ့သူ(မ)နဲ့က အခု
ဓာတ်လှေကား စောင့်နေတဲ့ နေရာမှာ မတ်တပ်ရပ်ရင်း
စကား​ပြော​နေတာ ဖြစ်သည် ။

မမ ရဲ့ ငယ်>Completed<Where stories live. Discover now