Part - 18 [ Final ]

469 17 2
                                    


( Zaw Gyi )

ဒီနေ့လေးဟာ ဆိုရင်ဖြင့် ခတ် နဲ့ မှုံ တို့ ရဲ့
လက်ထပ် လက်မှတ် ထိုးမဲ့ နေ့လေးပါ
လက်မှတ်ထိုးဖို့ အတွက် မြို့နယ် တရားရုံးကို ရောက်နေတာ
ပေါ့ အသိသက်သေတွေအ​နေနဲ့ မိုးသက်နဲ့ရွှေစင်ရယ်
ရွှန်းရွှန်း ရယ် ပါတယ် ပြီးတော့ အဓိကလူတွေဖြစ်တဲ့
ခတ် နဲ့ မှုံ ကောပေါ့

တရားသူကြီး ရောက် မလာသေးခင် စာချုပ်မှာ
ခတ် နဲ့ မှုံ ရဲ့ နာမည်တွေ ၊ မှတ်ပုံတင် စတာတွေကို
လက်နှိပ်စက် နဲ့ ရိုက်ရတယ်
နောက်တော့ တရားသူကြီးရောက်လာတော့
လတ်မှတ် ထိုးကြတာပေါ့
လက်ထပ်စာချုပ် အဖုံးလေး က မိုးပြာ​ရောင်လေး
ဒီနေ့ခတ်နဲ့ငယ် လဲ အပြာလေးတွေ ဝတ်လာတာ
ခတ်က အပေါ်က Shirt ပုံစံ လက်ရှည် အပြာရောင်ကိုမှ
လည်ပင်းက V shape ကို အောက်က Style pant
ဆင်ဆွယ်ရောင်နဲ့ တွဲဝတ်ထားပြီး ငယ်ကျတော့
အောက်က Shirtအဖြူလက်ရှည်ကိုမှ အပေါ်က
ကြိုးသိုင်းဂါဝန် အပြာရောင် ဒူးဖုံး အကားလေးကို ဝတ်ထား
လေးရဲ့ မသိရင် ငယ့်ပုံစံက မူကြိုသွားတတ်မဲ့ ကလေးလေးနဲ့
တောင်တူနေသေးတယ်
ငယ်ဟာ သူ့အကြိုက်ဆုံး အပြာရောင်လေးနဲ့ အမှတ်တရ
ဖြစ်စေချင်ပါသတဲ့~~~

နောက်တော့ IG မှာ ဒီနေ့ Dateလေးနဲ့ ပုံလေးတစ်ပုံ
တတ်လာလေရဲ့
ခတ်ရဲ့ လက်ထဲမှာ လက်ထပ်စာချုပ်တစ်ခု ကိုင်ထားပြီး
ကျန်တဲ့ ခတ်လက်တစ်ဖက်ကို မှုံ က ချိတ်ထားပြီးတော့
မှုံ လက်ထဲမှာလဲ နောက်ထပ်စာချုပ်တစ်ခု ကိုကိုင်ထားကာ
နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ပြုံးပြီး
ကြည့်နေတဲ့ ပုံလေးကို မြင်ရမှာ ဖြစ်တယ်
အနောက်ခံ background ကတော့
(...မြို့နယ်)တရားရုံးချုပ် ဆိုတာပေါ့

Caption ကတော့
Save the date ~~~ 💙✨

အဲ့နောက်တော့ ထုံစံအတိုင်းရာ/ထောင်ချီတဲ့ Cmtများစွာ
တတ်လာတော့တယ် ။ Cmt တွေအားလုံးနီးပါးဟာ
သူတို့ရဲ့ ဒါရိုက်တာလေးနဲ့က​လေးငယ် အတွက်
ဂုဏ်ပြုကြောင်း တွေကြီးပဲ​ပေါ့ ...

" ငယ် ပျော်ရဲ့ လား "
ခတ် ငယ့်ရဲ့ လက်ကလေးကို ဆုပ်ကိုင်ကာ မေးလိုက်တော့
ငယ်ဟာ အပြုနုနုလေးတို့ ဖြင့် ခတ်ကို ပြုံးပြရင်း
" အရမ်း​ပျော်တာ​ပေါ့ ဖော်မပြတတ်​လောက်​အောင်ကိုပဲ ဟီး "
ခတ်လဲ ငယ့်အားပြုံးပြလိုက်တယ် ။ အခုချိန်စိတ်ခံစားမှုက
ဖော်မပြတတ်လောက်​အောင်ကို​ပျော်ရွှင်​နေတာ ငယ်လဲ
အဲ့လိုပဲ ခံစားနေရမယ်ဆိုတာ ခတ်သိတာ​ပေါ့ ။ ဒါတောင်
မင်္ဂလာပွဲ နေ့မရောက်သေးဘူး ဒါပေမဲ့
အချိန်ကသိပ်မလိုပါဘူး
မနက်ဖြန်ပဲ မင်္ဂလာဆောင်ရတော့မှာပဲဟာကို...

မမ ရဲ့ ငယ်>Completed<Kde žijí příběhy. Začni objevovat