Part - 3

389 20 0
                                    

( Zaw gyi )

မနေ့ကနဲ့မတူ ဒီနေ့ကောင်းကင်ကြီးမှာဖြင့်
ကြည်လင်နေလျှက်
မနက်ခင်းစောစော ငှက်ကလေးများရဲ့ အသံများကိုလဲ
ကြားရသလို နားထဲကို ချိုသာစွာဝင်လာ​သော အသံလေး

" မမ ရေ ထတော့လေ ၊ မိုးလင်းနေပြီထတော့နော် မွ"

မနက်စောစော လူကို လာနှိုးတာလား ၊ မြူစွယ်နေတာလား
မသိတဲ့ ငယ်ရယ်ပါ

" ငယ်ရာ အခုမှ မနက် ၆နာရီ ပဲရှိသေးတာ ၊
အစောကြီးရှိ သေး ပြန်အိပ်ဦး ၊ မမလဲ အိပ်ရေးမဝသေးဘူး ၊ လာအိပ်ရအာင် "

ကြည့် နှိုးကာမှ လူကို အတင်းပြန်ဖတ်ပြီး အိပ်နေသော
မမပါပဲ

" ဟာ မရဘူး မမ ကလဲ လိမ္မာ ပါတယ် ၊ ထတော့နော်
ဒီနေ့ မမအလုပ်ပိတ်တယ်လေ အဲ့တော့ ငယ်တို့
အပြင်လျှောက် လည်ရအောင် နော်လို့ "

အင်း ထင်တော့ ထင်သား ငယ်ငယ်တစ်ယောက်
မနိုးစဘူး စောစော နိုးနေပါတယ် မှတ်တာ သူလေးက
အပြင်လျှောက်သွားဖို့ တတ်ကြွနေတာကို

" အင်းပါ ငယ်ရယ် သွားတာက သွားကြမယ်လေ ၊ ဒါပေမဲ့
အစောကြီး ရှိသေးတာ မမပြန်အိပ်ဦးမယ် ၇နာရီခွဲလောက်မှ
ပြန်နှိုးပေးလေနော် "

ဆိုပြီး သူ့ပေါင်ပေါ်ခေါင်းအုံးကာ ချွဲ ပြီးပြောလာတဲ့
မမကြောင့်

" အာရီဂူး ငယ့်မမက ကလေးလေးလား ဟင် "

" အင်း... ဟုတ်တယ် ငယ့်ရဲ့ ကလေးလေး "

" ခစ်ခစ် ဟုတ်ပါပြီ  မမက ချစ်စရာကြီး ၊
အိပ်ချင်ရင် ခဏပြန်အိပ်
နော် ငယ် ၇ခွဲ ရင် လာပြန်နိုးမယ်နော် "

" အင်း..."

ဆိုပြီး ပြန်အိပ်ပျော်သွားတဲ့ မမကို စောင်လေးသေချာ
ခြုံပေးခဲ့ပြီး
ငယ် ကတော့ ရေချိုးဖို့ ထွက်လာခဲ့တော့တယ်...

ငယ်လဲ ရေချိုးပြီး မမ နိုးလာရင်မျက်နှာ
အဆင်သင့်သစ်လို့ရအောင်
သွားတိုက်ဆေးကိုသွားတိုက်တံ ထဲ ထည့်ပေးခဲ့လိုက်တယ်
ပြီးတော့မှ အဝတ်လဲခန်းထဲသွားပြီး
အပြင်သွားရင်အဆင်သင့်
ဖြစ်အောင်လို့ Shirt အဖြူ အောက်ခံလေးကိုမှ
အပေါ်က Sweater အပြာလေး ကို
ထပ်ဝတ်လိုက်တယ် အောက်ကတော့
ဂျင်းဘောင်းဘီအမဲလေးပေါ့ ၊ မမဖို့ကော သူနဲ့
ဆင်တူ အောက်ခံ Shirt အဖြူကိုမှ အပေါ်က Sweater ပန်းရောင်လေးပေါ့
ဘောင်းဘီလဲ ဂျင်းအမဲလေး ပဲ ထုတ်ပေးထားလိုက်တယ်
ဟီး ဒီနေ့ကတော့ Dateမှာဆိုတော့ Coupleလေး

မမ ရဲ့ ငယ်>Completed<Where stories live. Discover now