Part - 9

260 19 0
                                    


( Zaw Gyi )

" ငယ်ရေ ပြီးပြီလား "

" ပြီးပြီ မမ ခဏ လေး ၊ ငယ် အိတ်ယူနေလို့ "

အ​ပေါ်ထပ်က​နေ ပြေးဆင်းလာတဲ့ငယ်
" ဖြေးဖြေးလာပါ ငယ်ရယ် ပြုတ်ကျ နေမှဖြင့် "

" မကျ ပါဘူး မမ ရဲ့ "

" ငယ် ဘာလို့ စကပ်အတိုလေး ဝတ်လာတာလဲ သွား
ပြန်လဲ သွား "

" မမ ကလဲ စကပ်က အရမ်းလဲ မတိုပါဘူး "

" မရဘူး သွားလဲ မလဲ ရင် ငယ်မလိုက်ရဘူး ၊
အိမ်မှာပဲ နေခဲ့ "

" မမနော် လိုက်မှာပဲ ၊ ငယ်က မမနဲ့ ဆင်တူလေးဝတ်တာကို
ဒါရိုက်တာလေးနဲ့ သူ့ရဲ့ အတွင်းရေးမှူး လေးလေ မမကလဲ
ဟီး "

ငယ်ပြောမှ ကြည့်မိတယ် ၊ တကယ်ပဲ ငယ်က သူနဲ့
ဆင်တူလို ဝတ်ထားတာပဲ ခတ်က အပေါ်က Shirtအဖြူကို
Style pant ဘောင်းဘီ အမဲ နဲ့ဝတ်ထားတာ
ဆံပင်ကိုလဲ စီးထားပြီး လက်ကလဲ welletကို
ကိုင်ထားတာ ၊ ငယ်က Shirt အဖြူကို ပေါင်လောက်ရှိတဲ့
စကပ်အကား အမဲ လေးနဲ့ တွဲဝတ်ထားတာ
ပြီးကျ ဆံပင်လေး
ချထားပြီး ပိုက်ဆံအိပ် လေးလွယ်ထားသေး တကယ်လဲ
မသိရင် ငယ်က သူ့အတွင်းရေးမှူးလေးကျ

" နော် လို့ နော် ၊ ငယ်မလဲ တော့ဘူးလေ နော် "
သူ့လက်မောင်းကို ကိုင်ကာ လှုပ်ရမ်းပြီး ပြောလာတဲ့ငယ်

" အင်းအင်း ၊ နောက်ခါ မမ မပါပဲ
ငယ် အတိုတွေ မဝတ်ရဘူးနော် "

" ဟုတ် "
ငယ့် ခေါင်းလေးကို လှမ်းပုတ်လိုက်ပြီး

" လာ သွားကျမယ် "
အဲ့လိုနဲ့ ကုမ္ပဏီ ဆီသို့...
.
.
.
ခတ် တို့ Anni ပြီး နောက်​နေ့ကျ မေမေက
ခတ်ကို ရုံးမလာ
နဲ့တဲ့လေ ငယ်နဲ့ လျှောက်လည်ကျတဲ့ ခွင့်တစ်ရက်ပေးတယ်
အလုပ်တွေက ပါးသွားတာလဲ ပါမယ် အဲ့ဒါနဲ့ ငယ့်ကို
ဘယ်သွားချင်လဲ မေးတော့ ငယ်က
* မသွားလဲ ရပါတယ် မမရယ် အဲ့တာတွေက
အရေးမကြီးပါဘူး အဓိက က မမ ငယ့်ကို အမြဲ
ချစ်​နေဖို့ပဲ *တဲ့ကဲဘယ်​လောက်
တောင် ချစ်ဖို့ကောင်းလွန်းတဲ့ ငယ်ပါလဲ

အဲ့တာနဲ့ ခတ်တို့ မသွား ဖြစ်ဘူး ၊ မေမေက
ခတ်ကို ဆူပါလေကော
သူ့သမီး ကို လိုက်မပို့ပေးလို့တဲ့လေ
ငယ်က သမီး နောက် ပိတ်ရက် ရက်ရှည်ရတော့မှပဲ မမကို
ကမ်းခြေ လိုက်ပို့ ခိုင်းလိုက်ပါ့မယ် အခုတော့ မသွားတော့ဘူး
မေမေလဲ အလုပ်တွေနဲ့ တစ်ယောက်ထဲ ပင်ပန်းနေမှာဆိုးလို့
ဆိုပြီး ပြောမှ ရတော့တယ်
ဒါတောင် သူ့ချွေးမလေး က သိတတ် လိမ္မာလိုက်တာ
ဆိုပြီး ချီးကျူးနေတာ ပြောမနေပါနဲ့တော့
မေမေက ငယ့်ကို တအားသဘောကျ​နေ​တော့ ခတ်က
ပိုအဆင်ပြေတာပေါ့

မမ ရဲ့ ငယ်>Completed<Tempat cerita menjadi hidup. Temukan sekarang