Part - 14

249 19 0
                                    


( Zaw Gyi )

" ဒါရိုက်တာ ဒါ လကုန်ရင် ထုတ်မဲ့ Dress ပါ
အခုက နမူနာ ချုပ်ထားတာကို လာပြတာပါ "

" အင်း မဆိုးဘူး ပေါ့ပေါ့ပါးပါး​လေးဆို​တော့ ဝတ်ရတာ
အဆင်ပြေတာပေါ့ ၊ ဘယ်နှစ်ရက် နေ့ စပြီး တော့
ကြော်ငြာမှာလဲ "

" 1 ရက်နေ့ပါ ၊ 1 ရက်နေ့မှာ PM ရဲ့
Modle Live Show ကနေတဆင့်ကြော်ငြာသွား
ပြီးတော့ ဝယ်ယူမယ်ဆိုရင် Order တင်နိုင်အောင်လို့
PM Company ရဲ့ Pageမှာ App link
ချပေးထားမှာပါ ဒါရိုက်တာ "
( PM ဆိုတာ ခတ်တို့ Company Name
ပါ မနည်းစဉ်းစားရတယ် PKSနဲ့ MNTဆိုတော့
PMပေါ့🤣🤣 တော်တယ်မလား😎 )

" ဟုတ်ပြီ ဒီနေ့က 29 ဆိုတော့ သိပ်တောင်
မလိုတော့ဘူးပဲ ၊ Design ဘက်ကကော ဘာပြော
သေးလဲ "

" ဘာမှမပြောပါဘူး ဒါရိုက်တာ ၊ သူတို့ လိုချင်တဲ့
ပိတ်စတွေလဲ ရတော့ အကုန်အဆင်ပြေတယ် တဲ့ "

" အေး သွားလို့ရပြီ "

.......................

မှုံ တစ်ယောက်အိမ်မှာ ပျင်းနေတာနဲ့ မမ ကို ထမင်းချိုင့်
သွားပို့ပေးမယ်ဆိုပြီးတော့ ဟင်းတွေချက်ပြီး ကုမ္ပဏီကို
ထွက်လာခဲ့လိုက်တယ် မမ အခုတလော
အလုပ်တွေအရမ်းရှုပ်နေတာ မမတို့ Company က
Limited Dressက ဒီလကုန် ထွက်မှာဆိုလား
မမ ပင်ပန်းနေမှာပေါ့ အဲ့ကြောင့် မှုံက
ကြက်သားလုံးကျော် ရယ် ငါးဖယ်ရိုးဟင်းချိုရယ်
ကန်စွန်း ရွက်ကျော်လေးရယ် ချက်ပြီးထည့်လာခဲ့လိုက်တယ်
အချိုတည်းဖို့ကို ပူတင်းလုပ်ခဲ့တယ် Company မှာ
မှုံ နဲ့ရင်းနှီးတဲ့ အမတွေကို ပေးဖို့လဲ 8ဗူးလောက် အပို
လုပ်ခဲ့လိုက်တယ် Company ရှေ့ရောက်ပြီဆိုတော့
မမ ကို ph ဆက်ရမှာပေါ့ ခွင့်မပြုပဲ လာရင်
မမ စိတ်ဆိုးဦးမှာ

📱" ငယ် ပြော "

" မမ ထမင်းစားပြီးပြီလား "

" မစားရသေးဘူး ငယ်ရဲ့ ၊ ငယ်ကော
စားပြီးပြီလား "

" မစားရသေးဘူး ၊ ငယ် မမ ကို ထမင်းချိုင့်လာ ပို့
ချင်တယ် "

" နေပူတယ် ငယ်ရဲ့ မလာပါနဲ့ ကွာ "

" ဟုတ် မမ အဲ့ဆို ငယ် ထမင်းချိုင့်တော့ ပို့ခိုင်းလိုက်... "

" မကြီး ခတ်ရေ မှုံက Company ရှေ့တောင်
ရောက်နေပြီ ၊ မကြီး မလာနဲ့ဆိုလို့ အခုလှည့်ပြန်တော့မှာ "

မမ ရဲ့ ငယ်>Completed<Where stories live. Discover now