အပိုင်း( ၁ )

11.3K 525 20
                                    


"ဘေးကို ဘေးကို"

တောင်ကြီးမျှရှိသည့် ကုန်ပစ္စည်းအိတ်ကြီးကို ထမ်းလာနေသည့် အထမ်းသမားကြီး၏ အော်သံကြောင့် ပုံပမာ တံတားအလယ်၌ ရပ်နေရာမှ ဘေးအမြန် ရွှေ့ရပ်လိုက်သည် ။

တံတားမှာ ဆိပ်ခံဘောတံတား အမြန်ရေယာဥ် သင်္ဘောဆိပ်မို့ လူရှုပ်သည် ။ တံတားဘေးတစ်ဖက်တစ်ချက် နေရာအနှံ့၌ စျေးအော်ရောင်းနေကြသော စျေးသည်များ ၊ အထမ်းသမားများ ၊ ခရီးသည်များ ၊ တက္ကစီသမားများဖြင့် ဆူညံရှုပ်ယှက်ခတ်နေ၏ ။ အသွားနှင့်အပြန် တိုက်မိကြသူများကြောင့် ပြုတ်ကျထားသည့် ပစ္စည်းအချို့လည်း ဟိုနားနည်းနည်း ဒီနားနည်းနည်း ညစ်ပေနေ၏ ။

"ရေခဲချောင်းတွေ ရမယ် ရေခဲချောင်းတွေ"

"ပန်းသီးဝယ်သွားကြပါဦး လတ်လတ်ဆတ်ဆတ်တွေ အရမ်းချိုတယ်နော်"

တံတားကမ်းကပ်ထားသည့် လှေများကြား တစ်လှေနှင့်တစ်လှေကူး၍ ရေခဲပုံးကြိုးလွယ်ကာ တစ်လှေတက်ဆင်း ရေခဲချောင်းလိုက်အော်ရောင်းနေသည့် ကောင်လေးနှင့် တံတားဆိပ်၌ ထိုင်ကာ ဖြတ်သမျှလူတိုင်းကို ပန်းသီးစပ်ရောင်းနေသောအစ်မကြီးမှာ ထိုဆိပ်ကမ်းစျေးသည်များကြား၌ နားအပူဆုံးဟု ပုံပမာထင်သည် ။

ပန်းသီးက နာနေသည့်နေရာကို တံဆိပ်လေး ကပ်ဖုံး၍ ရောင်းသည့် ဖွတတပန်းသီးအနာများဖြစ်၏ ။ စျေးနှုန်းကလည်း မြို့ထဲကထက် နှစ်ဆကြီးသည် ။ ပုံပမာတို့ ပန်းသီးအနာဝယ်မိပြီး ခံရပေါင်းများ၍ အူမကြီးလိမ်အောင် ဗိုက်ဆာသော်လည်း မဝယ်ဘဲ သည်းခံထားသည် ။

ထိုစဥ် ဆူညံနေသည့်အသံများကြား ထိုးထွက်လာသည့် ဖုန်းသံကြောင့် စလွယ်သိုင်းလွယ်ထားသည့် အိတ်ထဲမှ ပုံပမာ လက်ကိုင်ဖုန်းကို ရှာဖွေသည် ။ အိတ်ထဲထည့်ထားသော တိုလီမှုတ်စ စာရင်းဘောင်ချာများကြားမှ လက်ကိုင်ဖုန်းကို ဆွဲထုတ်ကြည့်တော့ ဖုန်းမျက်နှာပြင်၌ အလုပ်မလုပ်နေ။ ခပ်လှမ်းလှမ်း၌ ဖုန်းထုတ်ပြောနေသော ဦးလေးကြီးကို မြင်တော့ ပုံပမာ ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်သည် ။ ပန်းသီးသည်အစ်မကြီးက ပုံပမာအဖြစ်ကို ရယ်၏ ။

ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်Where stories live. Discover now