အပိုင်း( ၈ )

2.5K 332 12
                                    


အောက်ဆီဂျင်ဘူးအကူအညီဖြင့် အသက်လုရှူနေရသော ဒေါ်ဒေါ်မြကို ကြည့်၍ ပုံပမာစိတ်မကောင်းဖြစ်မိသည်။ မနေ့ကထိ လူကောင်းလို ထိုင်နိုင်ထနိုင်ပေမဲ့ ဒီနေ့တော့ အိပ်ရာထဲ လှဲနေပြန်၏။ ဆရာကျော်က မြို့ဆေးရုံပို့မည်ဟု​ပြောပေမဲ့ ဒေါ်ဒေါ်မြက လက်မခံ။ တစ်ခါတလေ ထူးထူးဆန်းဆန်း စကားများပြောတတ်သေးသည်။ ဒီဝေဒနာ ခံစားနေရတာကိုက တစ်ခုတည်းသော လက်ဆောင်ပဲဟူသည့် အဓိပ္ပါယ်မရှိစကားမျိုးများ။ မမစိမ်းနုဝေကတော့ အစွမ်းကုန် ဂရုစိုက်ပေးပါသည်။ သို့ပေမဲ့ ရောဂါက အမြစ်တွယ်နေတော့ သေမည့်ရက် စောင့်ဆိုင်းနေသလို။

"အစ်ကိုကြီးက ညီမပုံကို ခဏလာခဲ့ပါဦးတဲ့၊ မမမြကို မမစိမ်းပဲ စောင့်ကြည့်ထားလိုက်မယ်”

မမစိမ်းနုဝေက တီးတိုးလာပြောသဖြင့် ပုံပမာ ဒေါ်ဒေါ်မြကို တစ်ချက်ကြည့်၍ ခေါင်းညိတ်ကာ အခန်းထဲမှ ထွက်လာသည်။ ဧည့်ခန်း၌ ဆရာကျော်က စဥ်းစားနေဟန် ခြေချိတ်ထိုင်နေပြီး ဒေါ်ဒေါ်မြအတွက် သောကရောက်နေပုံပေါ်သည်။ ပုံပမာ ခုံတွင် ဝင်ထိုင်လိုက်တော့ ဆရာကျော်၏ အကြည့်တွေက လေးနက်သွားသည်။

"သမီးပုံပမာ၊ ဦးကို အမှန်အတိုင်းပြောနော်၊ ဂန္ဓာရီ မြွေကျွန်းမှာ ရှိနေတယ်ဆိုတာ သမီး ဘယ်သူ့ကိုမှ လျှောက်မပြောထားဘူးမလား”

"ဟုတ်၊ ဘယ်သူ့ကိုမှ မပြောပါဘူး”

ပြောလာသည့်စကားက ဒေါ်ဂန္ဓာရီနှင့် ပတ်သက်နေ၍ ပုံပမာ အနည်းငယ်တော့ အံ့ဩသည်။

"သမီးလည်း သတိထားမိမှာပေါ့၊ မြရဲ့ရောဂါက စုန်းမပြုစားထားတယ်ဆိုတဲ့ကာလဟာလတွေ”

"ကြားတော့ကြားပါတယ်ရှင့်၊ ဒါပေမဲ့ အဲဒါက”

"အဲဒါအမှန်တွေပါပဲ၊ လူတွေပြောတာ မမှားဘူး”

"မဖြစ်နိုင်တာ၊ ဆရာကျော်ကလည်း အဲလိုမျိုးတွေ မယုံပါနဲ့၊ ဒေါ်ဂန္ဓာရီက စုန်းမမဟုတ်ဘူး”

"ပြောပေးပါ”

ပုံပမာ စကားမဆုံးသေးခင် ဆရာကျော်က ဖြတ်ပြောလာသဖြင့် စိတ်ဆိုးသွားပေမဲ့ ထိန်းထားလိုက်သည်။

"ဂန္ဓာရီ့ကို ပြောပေးပါပုံပမာ၊ မြကို ဒီလောက်နဲ့ ခွင့်လွတ်ပေးလိုက်ပါတော့လို့”

ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်Donde viven las historias. Descúbrelo ahora