အပိုင်း( ၁၃ )

2K 287 9
                                    

Speed boatလှေငယ်မှာ သဲကျွန်းကမ်း၌ ဆိုက်ကပ်သွားသည်။ အရင်ကမ်းကပ်ထားသည့် ငါးဖမ်းလှေရှိ မီးသီးမီးရောင်များကြောင့် အနည်းငယ်သာ မြင်ရပြီး သဲကျွန်းရောက်ချိန်မှာ ညဥ့်လယ်ချိန်ဖြစ်နေ၏။ မောင်အာနိုးနှင့်ချစ်လွယ်မှာ ပစ္စည်းချရင်း အလုပ်များနေသဖြင့် ဂန္ဓာရီနှင့်ပုံပမာ သောင်ပြင်၌ ရပ်စောင့်ကြသည်။

စိမ်းက မြသီတာမှာ သဲကျွန်း၌ ဆုံးသည်ဟု ဖုန်းဆက်တော့ ဂန္ဓာရီတို့ ညတွင်းချင်း သဲကျွန်းဆင်းလာခဲ့ကြသည်။ ပစ္စည်းချပြီးတော့ မြသီတာတို့အိမ်ကမ်းဘက်သို့ ဂန္ဓာရီရှေ့မှ ဦးစွာထွက်လာသည်။ နေရာအတော်များများ၌ မှောင်မည်းနေ၍ ဂန္ဓာရီ့ပခုံးတွင် တင်ထားသည့်အပိုင်းကို ခေါင်း၌ မျက်နှာကွယ်လွှမ်းခြုံလိုက်သည်။ ညဥ့်အမှောင်ရှိ ဂန္ဓာရီ့မျက်လုံးအရောင်ကြောင့် လူတွေ ရုတ်ရုတ်သဲသဲမဖြစ်စေလို။

မြသီတာတို့အိမ်ဘက်၌ မီးရောင်ထိန်ထိန်မြင်ရပြီး မီးစက်သံကြားကာ လူသံသူသံများကိုလည်း ကြားရသည်။ အိမ်ရှေ့၌ ယာယီတဲထိုးထားပြီး ဖဲဝိုင်းများပြည့်ကာ တစ်ဖက်၌ ဧည့်သည်များအတွက် ညလယ်စာ ချက်ပြုတ်နေသည့်အမျိုးသမီးအဖွဲ့ကို မြင်ရသည်။ စိမ်းကတော့ လိုသမျှယူပေးနေသည်။ ဂန္ဓာရီ့ကို မမြင်ပေ။

ဂန္ဓာရီ အလယ်လူသွားလမ်းမှ အိမ်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။ အလောင်းထားမည့်နေရာရှာကြည့်တော့ ဘေးအခန်း စင်အနိမ့်လေး၌ အအေးပုံးထဲထည့်ထားသောမြသီတာ၏ရုပ်အလောင်းကို တွေ့သည်။ ရုပ်အလောင်းဘေး၌ ဒူးတုပ်ထိုင်၍ မှန်ပုံးသန့်ရှင်းရေးလုပ်နေသူကို ဂန္ဓာရီကြည့်လိုက်တော့ ဂန္ဓာရီတို့ မျက်လုံးချင်းဆုံသွားသည်။ ထိုသူမှာ ပုံပ​မာအမေ မပန်းရုံဖြစ်ပြီး ဂန္ဓာရီ့ကို မြင်တော့ နောက်သို့ ယိုင်လဲမလိုဖြစ်ကာ သွေးလန့်နေ၏။

"ရှင်...ဂန္ဓာရီမဟုတ်လား”

"အမေ”

ပုံပမာက မပန်းရုံဆီသို့ ပြေးထွက်သွားသဖြင့် ဂန္ဓာရီသက်ပြင်းချလိုက်သည်။ နောက်မှအတူလိုက်လာသည့်ချစ်လွယ်က ဂန္ဓာရီ့ဘေး၌ လာရပ်ပြီး မပန်းရုံကို ကြည့်နေလေသည်။

ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်Tempat cerita menjadi hidup. Temukan sekarang