အပိုင်း( ၁၂ )

2.2K 288 6
                                    

ခြံထဲရှိ ဖက်ဖူးရောင်ဒန်း၌ ထိုင်ပြီး ကြောင်နက်ကို ပေါင်ပေါ် ပွေ့တင်ပွတ်သပ်နေသော ဒေါ်ဂန္ဓာရီကို ပုံပမာ အကန့်လိုက်စိုက်ထားသည့် စံပယ်ရုံ၌ ရေလောင်းရင်း လှမ်းကြည့်နေမိသည်။ စံပယ်ပန်းရနံမှာ ခြံထဲ သင်းပျံ့နေပြီး ဒေါ်ဂန္ဓာရီ့အတွက် မီးခိုးရောင်ထဲမှ အဖြူရောင်ကို ဆွဲထုတ်နိုင်သည့်ဂုဏ်သတ္တိရှိကာ ရွှင်လန်းစေပုံရ၏။

​ကြောင်မျက်ရှင်။ နေ့နေ့ညည ပုံပမာ့ရင်ထဲ ကိန်းအောင်းလာသည့်မေးခွန်းမှာ ကြောင်မျက်ရှင်ဆိုသည်မှာ ဘာလဲဖြစ်၏။ ၎င်းအကြောင်းကို ပုံပမာ ရပ်ကွက်စာကြည့်တိုက်သွား၍ ရှာဖတ်ခဲ့သလို သင်တန်းပြီးလျှင် စာအုပ်ဆိုင်များ၌လည်း ရှာဖွေဖတ်ခဲ့သည်။

ရှာဖွေဖတ်ပြီး သိရသည်မှာ ကြောင်မျက်ရှင်သည် အင်းဝခေတ် သတိုးမင်းဖျားလက်ထက်၌ စတင်ပေါ်ပေါက်ခဲ့ပြီး သူခိုးငတက်ပြားရခဲ့သည့်အစွမ်းတစ်ခုဖြစ်နေ၏။ ငတက်ပြားသည် စောရနက္ခတ်ပေါ်ထွန်းသည့်ည၌ ကိုယ်လုံဆေးထိုးမှားကာ သူခိုးဖြစ်လာသလို ဒေါ်ဂန္ဓာရီကတော့ ငတက်ပြားနှင့် အခြေအနေကွာခြားနေ၏။ ပုံပမာ အကြောင်းအရင်းအမှန်မရှာနိုင်သလို ဒေါ်ဂန္ဓာရီကိုလည်း နားမလည်ခဲ့ပေ။ ဒေါ်ဂန္ဓာရီသည် သာမန်မဟုတ်ဟု သိလာသော်လည်း ၎င်းလျှို့ဝှက်ချက်ကိုတော့ ပုံပမာ့ဦးနှောက်နှင့် အဖြေမရှာနိုင်ခဲ့။

"ဒီလိုခိုးကြောင်ခိုးဝှက်ချောင်းကြည့်နေမဲ့အစား သိချင်တာ မေးလိုက်ပါတော့လား”

ဒေါ်ဂန္ဓာရီက မျက်လုံးလေးဝေ့ကာ ပြောလာတော့ ပုံပမာ စံပယ်ရုံကို ရေလောင်းနေရာမှ ရေပိုက်ထား၍ အနားသို့ သွားလိုက်သည်။

"ကျွန်မနားမလည်ဘူးဒေါ်ဂန္ဓာရီ၊ ကျွန်မခေါင်းတွေပူနေပြီ၊ ဒေါ်ဂန္ဓာရီက ဘာလဲ”

"ထိုင်ပါဦးပုံပုံ”

ဒေါ်ဂန္ဓာရီက ဖက်ဖူးရောင်ဒန်း၌ လာထိုင်ရန် ခေါ်လေတော့ ပုံပမာ အဒေါ့်ဘေးတွင် ဝင်ထိုင်လိုက်ရသည်။ ဒန်းဘေး၌ ချုံပုတ်လေးလို အိမ်ပေါ်သို့ နွယ်တက်မည့်ဟန်ပြုနေသည့်နွယ်ခက်များလည်း ရှိပြီး မှောင်ရိပ်ရရန် ဒေါ်ဂန္ဓာရီက တမင်မရှင်းလင်းခိုင်းဘဲ ထား၏။

ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်Where stories live. Discover now