အပိုင်း( ၁၁ )

2.1K 309 19
                                    

ချိန်းဆိုသည့်နေရာသို့ ဂန္ဓာရီရောက်လာ၏။ ပေါ်တော်မူဘုရားသို့ ရောက်လာတော့ ဘုရား၌ ဘုရားဖူးတစ်ချို့ရှိသည်။ ဘုရားကို သက်စေ့ပတ်ကာ အောင်မြေနင်း ဆုတောင်းသူများလည်းရှိ၏။ ပေါ်တော်မူဘုရားမှာ သိပ်မမြင့်သော တောင်ပေါ်၌ ရှိပြီး အနောက်ဘက်လေသာဆောင်မှ ကြည့်လျှင် အောက်ဘက်တွင် အလွန်ကျယ်ပြန့်သော ဂေါက်ကွင်းရှိ၏။ ကျယ်ပြန့်သော ဂေါက်ကွင်းဘေးပတ်လည်၌ အရိပ်ရပင်တစ်ချို့ကို လှပညီညာအောင် စိုက်ပျိုးထားသည်။

ဂန္ဓာရီ ဘုရားအနောက်ဘက်မုခ်ဝမှ အောက်သို့ လှေကားထစ်အတိုင်း ဆင်းလာတော့ ဂေါက်ကွင်းသို့ ရောက်လာသည်။ မြက်ရိတ်စက်ဖြင့် အမြဲရှင်းလင်းထားသည့် သဘာဝမြက်နုများသည် ကွင်းပြင်ကို စိမ်းစိုနေစေ၏။ ဂေါက်ရိုက်သူမရှိလျှင် ဤဂေါက်ကွင်းသည် အလွန်အေးချမ်းပြီး နားနေရန် အကောင်းဆုံးဖြစ်နေ၏။ ဘေးဝန်းကျင်သစ်ပင်များအောက်၌ ချိန်းတွေ့နေကြသည့် စုံတွဲများလည်းရှိသည်။ အတန်းလစ်၍ သူငယ်ချင်းများနှင့် အတူဝိုင်းဖွဲ့လာထိုင်နေကြသည့် တက္ကသိုလ်ကျောင်းသားများလည်းရှိသည်။ ဤနေရာ၌ ဂန္ဓာရီကိုယ်တိုင် တစ်ချိန်က ချိန်းတွေ့ခဲ့ဖူး၏။

"မမ”

ဂန္ဓာရီလှည့်ကြည့်လိုက်သည်။ အလွန်တရာမှ ရင်းနှီးခဲ့ဖူးသည့် မျက်နှာနှင့် မိန်းကလေးတစ်ဦးက ဂန္ဓာရီ့ဆီသို့ လျှောက်လာသည်။

"စိမ်းရောက်နေတာကြာပါပြီမမဓာရယ်၊ မမဓာမရောက်လာသေးလို့ ဂေါက်ကွင်းထဲမှာ အတွဲလိုက်ချောင်းနေတာ”

စိမ်းက ဟာသနှောပြောသော်လည်း ဂန္ဓာရီမပြုံးဖြစ်။ ဂန္ဓာရီက စိတ်မပါလျှင် ပြုံးဖို့တောင် တွန့်တိုပါသည်။

"မမမှတ်မိလား၊ စိမ်း တက္ကသိုလ်တက်တုန်းက ဒီနေရာမှာ စိမ်းတို့ ခဏခဏချိန်းတွေ့ခဲ့ကြတယ်လေ”

"ဂန္ဓာရီမှတ်မိပါတယ်”

ဂန္ဓာရီ အတိတ်ကို ပြန်တွေးမိ၏။ ဤနေရာ၌ ထိုင်၍ စိမ်းကို တယောထိုးပြခဲ့ဖူးသည်။ စိမ်းက ဂန္ဓာရီပြိုလဲချိန် ဘေး၌ အားပေးခဲ့သည့် တစ်ဦးတည်းသောပရိတ်သတ်ဖြစ်သည်။ အအောင်မြင်ဆုံးဖြစ်မည့်အချိန် အနုပညာအလုပ်ကို စွန့်ခွာခဲ့ရ၍ ဂန္ဓာရီ့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ခဲ့ပြီး နာကျင်မှုတွေ များခဲ့သည်။

ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်Where stories live. Discover now