အပိုင်း( ၁၄ )

2.2K 328 22
                                    


၂နှစ်ခန့်ကြာသော်။

ပိုးထည်တိုက်အပြင်ဘက်၌ တဖြည်းဖြည်း ပိုညိုမည်းလာသောမိုးတိမ်တွေကြောင့်ဂဏန်းပေါင်းစက်ကို တစ်တောက်တောက်ရိုက်နေသည့် လက်တွေသည် အရှိန်မြင့်လာသည်။ စက္ကန့်လက်တံသည် 12သို့ တန်းခနဲရောက်ချိန် yesဟု အားတက်သရောအော်ကာ စာရင်းစာအုပ်ကို ပုံပမာပိတ်လိုက်သည်။

"ကဲ ဆိုင်ပိတ်မယ်၊ မီးတွေ သေချာပိတ်နော်”

ဆိုင်၌ အလုပ်ခန့်ထားသောကောင်မလေးများကို ပုံပမာသတိပေးကာ ဤနေ့ရောင်းရငွေနှင့်စာရင်းစာအုပ်ကို အိတ်ထဲ ထည့်ယူကာ ကောင်မလေးတွေ ဆိုင်ပိတ်တာ စောင့်သည်။ ကောင်မလေးတွေက ဆိုင်ပိတ်ပြီး သော့ယူလာပေးမှ နှုတ်ဆက်ကာ ဆိုင်ကယ်ဖြင့် တက်ကြွစွာ ထွက်လာသည်။ အရှိန်ပြင်းစွာ လည်နေသော ဆိုင်ကယ်ဘီးမှာ ကိုချစ်လွယ်ရေလုပ်ငန်းသုံးပစ္စည်းဆိုင်ဟု ဆိုင်းဘုတ်တပ်ထားသည့်ဆိုင်ရှေ့၌ တုံ့ခနဲရပ်သွားသည်။

"အဖေရေ ဆိုင်မသိမ်းသေးဘူးလား”

ပုံပမာဆိုင်ရှေ့မှ လှမ်းအော်လိုက်တော့ အဖေချစ်လွယ်က ဝယ်သူကို ပစ္စည်းရောင်းနေရင်း ပြန်အော်ပြောလေသည်။

"ဝယ်သူတွေ ရှိနေတုန်းပဲသမီးရေ့၊ သမီးအရင်ပြန်နှင့်၊ ဆိုင်ကယ်ဖြည်းဖြည်းမောင်း”

ပုံပမာ ဆိုင်ကယ်ဒေါက်တံပြန်တင်၍ ဦးထုပ်မှန်ချကာ ဆိုင်ရှေ့မှ မောင်းထွက်လာသည်။ ဆိုင်ကယ်သည် ဒေါ်ဂန္ဓာရီ၏အိမ်ကြီးရှေ့ ထိုးရပ်သွားပြီး ပုံပမာ ခြံထဲ မောင်းဝင်ကာ အိတ်ယူ၍ အိမ်ထဲ ဝင်သွားလိုက်သည်။

"တီမွှေးရေ၊ ပုံပြန်လာပြီ”

"ကြားပါတော်၊ ဆိုင်ကယ်သံကြားတည်းက မိပုံဆိုတာ သိပြီးသား”

တီမွှေးက ကိုယ်ဝန်ဆောင်ဂါဝန်ကို ဝတ်ထားပြီး လက်တစ်ဖက်က ရေတစ်ခွက်ယူလာလေသည်။

"အမောပြေ ရေသောက်ပါဦး”

ပုံပမာ အိတ်ထဲမှ ငွေနှင့်စာရင်းစာအုပ်အပြင် ဆိုင်သော့ကို စားပွဲပေါ်တင်ပေးကာ တီမွှေးခပ်လာပေးသည့်ရေယူသောက်ရင်း နှာတရှုံ့ရှုံ့လုပ်ကာ အနံ့ခံလိုက်သည်။

ကမ်းလွန်ပင်လယ်အော်၌ မီးခိုးရောင်စုန်းရှိသည်Where stories live. Discover now