1

686 42 0
                                    

လူတိုင်းဟာ သူတို့ရဲ့ တစ်ဖက်သတ်သဘောကျရသူ
တွေနဲ့ ဘယ်လိုအမှတ်တရလှလှတွေများ
ဖန်တီးခဲ့ဖူးလဲ ဆိုတာကို Doyoungက
သိချင်မိပြီးး သင်ယူလို့ရတယ်ဆို သင်ယူလိုက်ချင်
တော့တယ်

ခု သူ ကျောင်းဆေးခန်း ရောက်နေတာ
တရားခံက Jeong Jaehyun ပေါ့
သူ့ရဲ့ တစ်ဖက်သတ်သဘောကျရတဲ့ Crush
အကောင်းစားလေးလေ
အတန်းခေါင်းဆောင်မို့ တာ၀န်တစ်ခု လုပ်ဖို့
Basketball Club ရှိရာ နေရာကိုလာပါတယ်
သူ့အသည်းအသက်လေး Jeong Jaehyunက
သူ့နှာခေါင်းကို တည့်တည့် လှမ်းပေါက်လိုက်သလိုပါပဲ
ဘုရားသိကြားမလို့ သူ့နှာခေါင်းရိုးကျိုးမသွားတာလေ
တရားခံက သူ့အသည်းအသက်လေးပေမယ့်လည်း
ကျောင်းဆေးခန်းကိုလိုက်ပို့သူဟာ တခြားသူသာ
ဖြစ်တယ် နောက်ကနေများ လိုက်လာမလားလို့ အမှတ်မရှိ
လည်တဆန့်ဆန့်မျှော်နေပေမယ့် ပေါ်မလာခဲ့
အေးလေ သူက ဘယ်တုန်းကများ အမှတ်ရှိခဲ့လို့လဲ

Doyoung Jaehyun ကို စဖွင့်ပြောတဲ့နေ့ ကဆို
Jaehyunက သူ့သူငယ်ချင်းတွေ ရှေ့မှာ
ဖွင့်ပြောခိုင်းခဲ့ပြီးး သူ့ကို လှောင်ရယ်ခဲ့တယ်
အမှတ်ရှိတတ်တဲ့ ဦးနှောက်သာ ရှိရင်
အဲ့ကတည်းက သူဟာ ကျောခိုင်းခဲ့မိမှာ ဖြစ်၏

အဲ့တာအပြင် Jaehyun ရဲ့ မွေးနေ့ တစ်နှစ်သားကို
လဲ သတိရမိသေး၏
Jaehyun က မာဖလာ အပြာလေး တွေ
သဘောကျ‌ေနကြောင်း တင်ထားတာကို
Doyoung က တွေ့ခဲ့တာကြောင့်
ကြိုးကြိုးစားစားသင်ယူခဲ့ရင်းး
Jaehyun ရဲ့ မွေးနေ့မှာ ကိုယ်တိုင်ကိုယ်ကျ
ထိုးပေးထားတဲ့ မာဖလာလေးကို ပေးဖို့
ပြင်ဆင်ခဲ့တာပင်

"Jaehyun Happy Birthday
ဒါငါ မင်းအတွက် သေချာ ငါကိုယ်တိုင်
ထိုးထားပေးတာလေးး မင်းငါ့ကိုသဘောမကျတာ
ငါသိပေမယ့် ဒါလေးကိုတော့ ဒီတိုင်း
လက်ဆောင်တစ်ခု အနေနဲ့ မင်းလက်ခံပေးနိုင်မလား"

Doyoung က ကြည်လင်စွာပြုံးရင်းး
သူ့အရှေ့က Jaehyun ကို လက်ဆောင်
ကိုကမ်းပေးလိုက်တော့ Jaehyunက
ချက်ချင်းပဲ လှမ်းယူရင်း မာဖလာလေးကို
ထုတ်ကြည့်သည် အနည်းငယ်လည်းပြုံးနေတာ
ကြောင့် Doyoungရဲ့ ရင်ထဲမှာ
သိပ်ကို အေးမြတဲ့ လေညှင်းလေး တစ်စင်း
ဖြတ်သန်းသွားသလိုပဲ ဒါပေမယ့် အဲ့လေညှင်းလေး
က သိပ်မကြာလိုက်ပါဘူး
Jaehyunရဲ့ မထင်မှတ်ထားတဲ့ လုပ်ရက်
တစ်ခုကြောင့် Doyoung ရင်တည့်တည့်ကို
ဓားနဲ့ အစိုက်ခံလိုက်ရသလို နာကျင်ခဲ့ရတယ်

My first and lastWhere stories live. Discover now