4

259 38 7
                                    

အခန်းတံခါးကို ခေါက်လိုက်ဖို့ရာ မရဲပေ
သူဘယ်လိုလုပ်ရမလဲ မသိ တံခါးဖွင့်လာတဲ့သူက
Jaehyun တကယ် ရည်ရွယ်တဲ့ သူသာဆို
သူ ဘယ်လို လုပ်သင့်လဲ

"ကျစ် အဲ့ဒါက အရေးမကြီးနေဘူးမလား ဒိုယောင်းရာ
Jaehyunက ခု ဖျားနေတာကို ခေါက်လိုက်"

သူ့ဟာသူပဲ ပြန်ပြီး ဖျောင်းဖျရင်း တံခါးကို
ခေါက်လိုက်သည် တကယ်လို့ Jaehyunက
လူမှားခေါ်တာမှန်းသိသွားလို့ ပြန်ခိုင်းရင်လည်းး
ပြန်လိုက်ရုံပေါ့ ရည်ရွယ်သူရောက်နေတာ ဆိုလည်း
လျှောက်ရွှီးပြီး ပြန်လာခဲ့ရုံပဲပေါ့ ဟုတ်တယ်
တော်တယ် ဒိုယောင်း

တံခါးဖွင့်လာတဲ့ အသံကြားလိုက်ရ‌တာကြောင့်
Doyoungက သူ့ကိုယ်သူ အသင့်အနေအထား
ပြင်ဆင်လိုက်ပေမယ့် ဖွင့်လာလာချင်း သူ့ဆီ
ယိမ်းလာတဲ့ သူကြောင့် လက်က အလိုက်သင့်
ထိန်းဖက်မိထား၏ ခုအနေအထားက
Jaehyun က ကလေးလေးတစ်ယောက်လိုပဲ
သူ့ကိုဆွဲဖက်ထားနေတာ

"ဘာလို့ နောက်ကျနေရတာလဲ မလာတော့ဘူး
မှတ်နေတာ "

စကားသံတိုးတိုးလေးနဲ့အတူ အပူငွေ့တွေက
သူ့ကိုပါ လာရိုက်ခတ်နေသည်

"မင်း တအားပူနေတယ် Jaehyun
နောက်ပြီး ငါ ငါက Doyoungရယ်ပါ "

ဘာသံမှ ထွက်မလာပေမယ့် သူ့ကိုဖက်ထားတာကို
လွှတ်လိုက်ပြီး သူ့ကိုမျက်နှာချင်းဆိုင်ကာ
ကြည့်လာတဲ့ Jaehyunက အဖျားကြောင့်
မျက်နှာလေးတောင်ရဲလို့
Doyoungရဲ့ စိတ်ပူပန်မှုတွေက ပ်ုဆိုးလာတာ
ကြောင့် သူက အတင်းပဲ အထဲ၀င်လိုက်ရင်းးကနေ

"မင်း ဘယ်သူ့ကိုခေါ်ချင်တာလဲဆိုတ‌ာတော့
ငါ မသိဘူး Jaehyun ဒါပေမယ့် ငါ့ကို
မင်းရဲ့ခုလို အခြေအနေမျိုးနဲ့ တွေ့စေပြီးမှ
နှင်မထုတ်နဲ့တော့ ပူခြစ်နေတာပဲ တကယ်ပဲ
ဘယ်ကတည်းက ဖျားနေတာလဲ "

Doyoung က အနည်းငယ်ထပ်ဆူ‌ချင်သေးပေမယ့်
ကိုယ့်ကိုယ်ကို ထိန်းလိုက်ရင်းး ခုထိဘာမှ
ပြောမလာတဲ့ Jaehyunကို သာ
အိပ်ခန်းထဲ အတင်းဆွဲခေါ်ရင်းး လှဲနေစေသည်

"ခနလှဲနေဦး ငါ ဆရာ၀န် ခေါ် ပေးမယ် မင်းဒီ
အခြေအနေနဲ့ ဆေးခန်း မသွားသင့်ဘူးး ငြိမ်ငြိမ်နေ"

My first and lastWhere stories live. Discover now