7

277 38 9
                                    

"ဟို ဒီက အကိုဗျ နေရာလေး တစ်ဆိတ်လောက်ဖယ်
ပေးပါလား တခြားလူတွေလည်း ဆော့ဦးမှာမလို့ပါ
ထပ်ကြိုးစားဦးမယ် ဆိုရင်တော့ တစ်ကြော့စောင့်နေလို့
ရပါတယ်နော် ကျေးဇူးတင်ပါတယ် "

Doyoung က စိတ်ပျက်လက်ပျက်နှင့်ပင် ခပ်လှမ်းလှမ်း
မှာ ရပ်နေတဲ့ Jaehyun ဆီ လျှောက်လာခဲ့သည်
သူ့ရဲ့ မျက်နှာကလည်း မကောင်းရှိနေမှာ သေချာတယ်
ဒါပေမယ့် သူက Jaehyun ကို ကြည့်ပြီး ပြုံးပြလိုက်သည် Jaehyun ကို အကူအညီတောင်းချင်ပေမယ့်
သူနဲ့ ဒီနေ့ ရှိနေပေးတာတင် ကျေးဇူးတင်နေပြီ လေ
ဒါပေမယ့် သူ အရုပ်အကြီးကြီးကို သိပ်လိုချင်နေတယ်
ဒါပေမယ့် သူ့ရဲ့လက်က ဒီနေ့unluckyဖြစ်နေသလားပဲ
ကပ်ထားတဲ့ ပူဖောင်းတွေ တစ်လုံးမှကို မထိပါ

"Jaehyun ဗိုက်ဆာနေပြီလား "

Jaehyun က သူမေးတာကို ပြန်မဖြေပဲ သူ့ကို ကြည့်
နေသည် ဒါမယ့် အဲ့တာကို Doyoung အဓိပ္ပါယ်မဖတ်
တတ်ပေ

"ဒီမှာဗျ"

ခေါ်သံကြောင့် Doyoung က လှည့်ကြည့်တော့
ပြုံးပြနေတဲ့ ကောင်လေးတစ်ယောက်ပင်

"ဟုတ်?"

"စိတ်မရှိရင် ကျွန်တော် ကူညီပေးလို့ရမလား"

"ဘာကိုလဲ ဟင်"

"ဟို အကို ဆော့ နေတာ ခနခန ဆိုတော့ အရုပ်ကို သိပ်
လိုချင်နေပုံရတယ်ထင်လို့ပါ ဒီတိုင်း ကျွန်တော် ကူညီပေး
ချင်မိလို့ ခွင့်ပြုမလားဟင်"

ကောင်လေးက ယဉ်ယဉ်ကျေးကျေး နဲ့ အပြုံးချိုချိုလေးနဲ့
ကူညီမည်ဖြစ်ကြောင်းပြောလာသည် ဒါ့ကြောင့် Doyoung က သိပ်ကို၀မ်းသာသွားရင်း လက်ခံဖို့ ပြင်
လိုက်ပေမယ့် လက်ကို လှမ်းကိုင်လာတဲ့  အထိအတွေ့ကြောင့်
စကားလုံးတွေ လည်ပင်းမှာတင်ပဲ ပျောက်ရှသွားသလိုပဲ

"ကျေးဇူးတင်ပါတယ် ဒါပေမယ့် သူ့မှာ ကျွန်တော် ရှိတာမလို့
စိတ်မပူပါနဲ့ "

Jaehyun က အပြုံးလေးနဲ့ ဘာမှမဟုတ်သလို ပြော
လိုက်ပေမယ့် နေရာမှာတင် အေးခဲသွားရသူက Doyoung ပဲ ဖြစ်သည် နှုတ်ဆက်ကာ ထွက်သွားတဲ့
ကောင်လေးကို ပြုံးတောင်ပြုံးပြနိုင်ခြင်းမရှ်ိတော့ပဲ
Doyoung ရဲ့ အာရုံတွေက လက်ကို ဆုပ်ကိုင်ထားတဲ့
အထိအတွေ့ရယ် ခုနက ပြောလိုက်တဲ့ စကားတခွန်းရယ်မှာပဲ
ရှိနေခဲ့တယ် ဒါတွေက ဘာအတွက်လဲ? ဘာအတွက်လဲဆိုတာ
ကို သူသိပ်သိချင်တယ် သူသိဖို့လည်းလိုအပ်တယ်မလားး

My first and lastWhere stories live. Discover now